CLD ဒုတိယ ဥက္ကဌ က Voter Education ပြုလုပ်ပေးရေး တောင်းဆို

CLD ဒုတိယ ဥက္ကဌ က Voter Education ပြုလုပ်ပေးရေး တောင်းဆို
by -
ခိုနူမ်းထုန်
လာမည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ ကျွမ်းကျင်စွာ မဲပေးနိုင်ရေးအတွက် CLD ဒုတိယ ဥက္ကဌ ၊ အမှတ် (၁) မဲ ဆန္ဒနယ်မြေမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း Daw Sung ZiMang က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးထံသို့ တောင်းဆိုခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်ဥက္ကဌ  ဦးတင်အေးသည် အောက်တိုဘာ ၆ ရက်နေ့တွင် ဟားခါးမြို့သို့ ရောက်ရှိလာပြီး အစိုးရ၊ နိုင်ငံရေးပါတီ၊ ဘာသာရေးအသင်းအဖွဲ့၊ အရပ်ဖက် လူ့အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေး မှုပြုလုပ်ခဲ့ရာမှာ ယခုလို Daw Sung Zi Mang က တောင်း ဆိုခြင်းဖြစ်သည်။

Khonumthung072တင်ပြတောင်းဆိုချက်အပေါ် ကော်မရှင်ဥက္ကဌ ဦးတင်အေးက Voter Education နဲ့ ပါတ်သက်ပြီး ကော်မရှင် အဆင့်ဆင့်၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ပြန်လည်ရှင်းလင်းပြီး Daw SungZiMang ၏ တင်ပြချက်အပေါ် ဆောင်ရွက်ပေးသွားမည်ဟု တုံ့ပြန်ခဲ့သည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး Daw Sung ZiMang က ”ကျမ နယ်လှည့်စည်းရုံးရေးဆင်းတဲ့ အချိန်မှာ ကျေးလက်ဒေသက မဲဆန္ဒရှင်ပြည်သူတွေဟာ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို တခါတည်း မဲပေးရမည်ဆိုတာ မသိကြဘူးဖြစ်နေသေးတယ်။ ဒီတော့ ဒီကိစ္စက ကော်မရှင်မှာ တာဝန်ရှိတယ် ပေါ့နော်”ဟု ပြောသည်။

ယခုနှစ် သဘာဝဘေးကြောင့် ချင်းပြည်နယ်သည် အရေးပေါ်ဒေသအဖြစ် အစိုးရမှ သတ်မှတ်ခဲ့ရပြီး ချင်းပြည်တဝှမ်း ခရီးသွားလာရေး၊ သတင်းဆက်သွယ်ရေး ခက်ခဲမှုပြဿနာကြောင့် ရွေးကောက်ပွဲအပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။

ကော်မရှင် ဥက္ကဌ ဦးတင်အေး၏ ယနေ့ရွေးကောက်ပွဲ ကိစ္စရပ်ဆိုင်ရာ ရှင်းလင်းပွဲတွင် USDP, NLD, NUP, CLD, CNDP, CPP ပါတီမှ ခေါင်းဆောင်များ၊ ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြရာ CLD ပါတီမှလွဲပြီး  မေးမြန်းမှု မရှိခဲ့ပါ။

ဥက္ကဌ ဦးတင်အေးက ရွေးကောက်ပွဲဆိုသည်မှာ တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုမည့် လူထု ကိုယ်စားလှယ်ကို ရွေးချယ်ရမှာဖြစ်ပြီး ကိုယ်စားလှယ်ရွေးချယ်သည့် နေရာတွင် ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းပြည်အတွက် အကျိုးဆောင်မည့် နိုင်ငံတော်အကျိုးကို သယ်ပိုးမည့် ပုဂ္ဂိုလ်ကို ရွေးချယ်ရမှာဖြစ်သည့်အတွက် အသက်တမျှ အရေးကြီးကြောင်း၊ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ဝိုင်းဝန်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ပါလီမန်ဒီမိုကရေစီ အုပ်ချုပ်ရေးကာလမှ ယနေ့အထိ မြန်မာ့နိုင်ငံရေးနောက်ခံအကျဉ်းနှင့်  မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စများ၊ ရွေးကောက်ပွဲကျင်းပခဲ့ပုံများ နှင့် ၂၀၁၅ ရွေးကောက်ပွဲ အရေးကြီးပုံများကို ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် ဥက္ကဌ ဦးတင်အေးက အကျယ်တဝှေ့ ရှင်းလင်းမှုပြုလုပ်ပြီး အခမ်းအနားကို ညနေ ၂းဝဝ နာရီတွင် ရုတ်သိမ်းခဲ့သည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...