ဟားခါး သဘာဝဘေးဒုက္ခသည် မိုးကာ တဲအိမ် ဆောက်လုပ်မှု မပြီးစီးသေး

ဟားခါး သဘာဝဘေးဒုက္ခသည် မိုးကာ တဲအိမ် ဆောက်လုပ်မှု မပြီးစီးသေး
by -
ခိုနူမ်းထုန်
လက်ရှိ ချင်းပြည်နယ် ဟားခါးမြို့သစ်၊ ကာဆင်ဘုရားကျောင်းအနီး ဦးရာလ်မှုန် အားကစားကွင်းတွင် ယခုနှစ် သြဂုတ်လ ဒုတိယပတ်မှ စပြီး ဆောက်လုပ်ခဲ့သော သဘာဝဘေးဒုက္ခသည်များ နေထိုင်မည့် ယာယီ မိုးကာတဲများ ဆောက်လုပ်မှု ယနေ့ထိ မပြီးစီးသေးကြောင်း သိရသည်။

ယာယီတဲ အလုံး (၄၀)၊ အခန်းပေါင်း (၃၂၀) ပမာဏဖြင့် ယခုဆောက်လုပ်နေသည့် အဆာင်များ သည် လက်ရှိ အထက (၂)၊ ကာဆင်ဘုရားကျေင်း၊ Bethel ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ဟားခါးမြို့ဟောင်း ရပ်ကွက်မှ အိုးမဲ့ အိမ်မဲ့ပြည်သူဒုက္ခသည်များအတွက်သာ အကျုံးဝင်မည်ဖြစ်သည်။

“အကြမ်းဖျဉ်း ဆောက်လုပ်မှုက ၅၀ ရာခိုင်နှုန်းလောက်တော့ ပြီးစီးပြီးလို့ ပြောလို့ ရပါတယ်။ အခုက အိမ်သာ၊ ထမင်းစားဆောင်နဲ့ ရေ၊ မီး ရရှိရေးကို လုပ်နေတာပါ။ ဘယ်တော့ အပြီးသတ်မလဲဆိုတာက ပြောရခက်နေသေးတယ်”ဟု လက်သမားခေါင်းဆောင်တဦးက ပြောသည်။

လက်ရှိ ဟားခါးမြို့ပေါ်တွင် ကာဆင်ဘုရားကျောင်း၊ အထက (၂)၊ Bethel ကယ်ဆယ်ရေး၊ believer ဘုရားကျောင်း၊ ကျင်နွဲ့ဘုရားကျောင်း၊ Chin Christian Fellowship Center ၊ ကျောဘုတ်ရပ်ကွက်၊ ခိုင်ကမ်းအားကစားရုံ ဆိုပြီး ဒုက္ခသည်စခန်းပေါင်း (၇) ခုဖွင့်လှစ်ထားခဲ့ရာ မိသားစု ၁၀၀၀ ခန့်ရှိသည်။

အဆိုပါ ဒုက္ခသည် စခန်းတွင် ဟားခါးမြို့အနီး ကျေးလက်ဒေသမှ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များပါဝင်ပြီး အိုးမဲ့အိမ်မဲ့ ပြည်သူများအတွက် အိမ် မြေကွက်များ တိုင်းထွာ မှု ကို အစိုးရမှ အစဦး တာဝန်ယူ ဖော်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

“ယခုဆောက်လုပ်နေတဲ့ ယာယီတဲတွေကတော့ မိသားစု ၁၀၀၀ အတွက် နေရာဆံ့မှာ မဟုတ်ဘူး။ နေရာ ဆံ့တယ်ပဲ ထားဦး။ ဆောင်းရာသီ ရောက်လာပြီဆိုတော့ ဖြစ်နေကျ သောက်သုံးရေ ပြဿနာလည်း ရှိသေးတယ်”ဟု မြို့သစ် ရပ်ကွက်နေ မိဘပြည်သူတဦးက ပြောသည်။

ယခုတလော ဟားခါးမြို့ပေါ်တွင် မိုးရွာသွန်းမှု တကြိမ်နှစ်ကြိမ်ရှိနေသေးသည်က တကြောင်း၊ ဆောင်းဦးရာသီပွင့်လာပြီမို့ ရာသီဥတုလည်း အေးစ ပြုလာနေသည်က တကြောင်းတို့ကြောင့် ဒုက္ခသည်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလည်း အလေးထားစရာဖြစ်လာပြီဟု ပြောကြသည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...