ကလေးခရိုင်အတွင်း မသန်စွမ်းသူများ အလွယ်တကူ မဲပေးနိုင်ရေး သီးခြားဆောင်ရွက်ထားခြင်းမရှိ

ကလေးခရိုင်အတွင်း မသန်စွမ်းသူများ အလွယ်တကူ မဲပေးနိုင်ရေး သီးခြားဆောင်ရွက်ထားခြင်းမရှိ
by -
ခိုနူမ်းထုန်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် မသန်စွမ်း မဲပေးနိုင်သူဦးရေ ရ၉၀ ရှိသည်ဟု သိရပြီး အလွယ်တကူ မဲထည့်နိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်ဘက်မှ သီးခြားစီစဉ်ဆောင်ရွက် ထားခြင်းမရှိဟု သိရသည်။

ကလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးဂင်ခန့်ပေါင်က “နိုင်ငံတကာတွေမှာလို မသန်စွမ်းတွေ အတွက် သီးသန့်မဲထည့်နိုင်ရေး စီစဉ်ဆောင်ရွက်တာတော့ မရှိပါဘူး။ အခုအသုံးပြုမယ့် မဲပြားနဲ့ပဲ မဲပေးရမှာဖြစ်တယ်။ ဒါပေမယ့် အလွယ်တကူ မဲထည့်လို့ရနိုင်အောင် ရွေးကောက်ပွဲနေ့ မဲလာထည့်ကြ တဲ့ အချိန်မှာ သူတို့ရဲ့ မိဘ၊ ညီအကိုရင်းတဦးဦးကသော်လည်းကောင်း လိုက်ပို့လို့ ရပါတယ်”ဟု ပြောသည်။

ကလေးမြို့ချင်းအမျိုးသား ဒီမိုကရစ်တစ်ပါတီ ဥက္ကဌ ပူးဗန်ကင်းကတော့ မသန်စွမ်းသူများ အလွယ်တကူ မဲပေးနိုင်ရေးအတွက် ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အပါအဝင် ရပ်မိရပ်ဖများ အနေဖြင့် အိမ်တိုင်ရာရောက် သွားရောက်ကာ မဲထည့် ခိုင်းသင့်သည်ဟု ပြောသည်။

“ဘာလို့လည်းဆိုတော့ မသန်းစွမ်းသူတွေကို ဒုက္ခမပေးတာကောင်းတယ်။ တကယ်လို့ ကော်မရှင် အနေနဲ့လုပ်ချင်တယ်ဆိုရင်တော့ မသန်စွမ်းသူတွေရှိတဲ့ အိမ်တိုင်းကို ရပ်ကွက်ကော်မရှင် အပါအဝင် ရပ်မိရပ်ဖနဲ့အတူ သွားရောက်ပြီး မဲပေးခိုင်သင့်တယ်။ သူဘယ်ပါတီကိုမဲပေးတယ် ဆိုတာလည်း ကြည့်စရာမလိုဘူး။ ဒါမှမဟုတ်မဲရုံအတွင်းထိ ဘယ်သူကပဲခေါ်ခေါ် အထဲမှာက သူတို့လူတွေပဲဖြစ်နေ တဲ့အတွက် ကျွန်တော့ အနေနဲ့ မယုံတာဖြစ်တယ်”ဟု ဦးဗန်ကင်းက ပြောသည်။

ကလေးခရိုင်တွင် မဲပေးနိုင်သူ မသန်စွမ်းဦးရေ ကျား ၃၇၅၊ မ ၄၁၅ စုစုပေါင်း ရ၉၀ဦး ရေရှိသည်။ အလားတူ ကလေးဝနယ်တွင် မသန်စွမ်းဦးရေ ကျား ၅၇၊ မရ၉စုစုပေါင်း ၁၃၆ဦး ရှိပြီး၊ မင်းကင်းနယ် တွင် မသန်စွမ်းဦးရေ ကျား ၁၀၅၊ မ၁၃၇ စုစုပေါင်း ၂၄၂ ဦး ရှိကြောင်း ကလေးမြို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ကလေးမြို့နယ်အတွင်း မဲရုံပေါင်း ၁၂၆ ရုံရှိပြီး၊ မဲပေးနိုင်သူဦးရေ ၃ သိန်းကျော်ခန့် ရှိသည်ဟု ကလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးဂင်ခန့်ပေါင်က ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...