စက်တင်ဘာလ(၂၀)ရက်နေ့ လွိုင်ကော်မြို့နယ် ထေးဌါးလျားကျေးရွာတွင် ပါတီ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောပိုလေးက ထိုသို့ ပြောသွားခဲ့ခြင်းဖြစ်သည်။
“အဓိက ဆောင်ရွက်သွားမှာကတော့ ငြိမ်းချမ်းရေးကို အဓိကဆောင်ရွက်သွားမယ်။ ပြီးမှ ပြည်သူတွေ လိုအပ်တဲ့ လူမှုဖွံ့ဖြိုးရေး၊ စားဝတ်နေရေး၊ ပညာရေး ကျန်းမာရေးပေ့ါ။ အဲဒါ ဆောင်ရွက်ပေးဖို့ အဓိက ပေ့ါ။”ဟု ဦးစောပိုလေးက ပြောသည်။
ကယားပြည်နယ်တွင် တသီးပုဂ္ဂလများနှင့်အတူ ပါတီ (၁၁)ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး လက်ရှိ မဲဆွယ်ကာတွင်လည်းကျရာ မဲဆန္ဒနယ်အသီးသီးတွင် မဲဆွယ်နေကြချိန်လည်း ဖြစ်သည်။
ပြည်သူ့အရေး အမှန်တကယ် လုပ်ဆောင်ပေးနိုင်မည့် ပါတီကို်ယ်စားလှယ်လောင်းကို ရွေးချယ်သွား မည်ဖြစ်ကြောင်း ထေးဌါးလျားကျေးရွာ မှ ဦးဖရေရယ်က ပြောသည်။
“တကယ့် ဖက်ဒရယ်မူပေ့ါ။ မခွဲခြားပဲနဲ့ တက်တဲ့ ပါတီက ကောင်းမှာပဲ။ ဒါပေမယ့် အပြောနဲ့ အလုပ် မညီရင်တော့ ပြည်သူကပဲ နစ်နာမှာပဲ။ ဆိုတော့ တကယ့်အနစ်နာခံပြီး ပြည်သူနဲ့ တသားတည်း ထားပြီး တန်းတူညီတူ အလုပ်လုပ်ပေးမယ့် ပါတီကိုတော့ ဦးစားပေးထည့်မှာပေ့ါ။”ဟု ဦးဖရေးရယ်က ပြောသည်။
နိုင်ငံရေးပါတီများသည့်အတွက် ပြည်သူအနေဖြင့် ပါတီများ၊ ကိုယ်စားလှယ်လောင်များ၏ အကြောင်းကို လေ့လာနေဆဲသာဖြစ်သည့် အတွက် မဲထည့်ရန် အခက်အခဲရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)သည် ပြည်နယ်တွင်းရှိ ဘောလခဲမြို့နယ်မှလွှဲ၍ တခြားမြို့နယ် (၆)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ် (၆)ဦး၊ ပြည်နယ်လွတ်တော်ကို်ယ်စားလှယ် (၁၁)ဦး၊ အမျိုးသားလွတ်တော်ကို်ယ်စားလှယ် (၉)ဦး စုုစုပေါင်း ကို်ယ်စားလှယ်လောင်း(၂၆)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းတို့အထဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း (၃) ဦး ပါဝင်ကြောင်း သိရသည်။







