ပါတီများမဲဆွယ်စည်းရုံးရးထက် မဲထည့်နည်းကိုသာပြောနေရ

ပါတီများမဲဆွယ်စည်းရုံးရးထက် မဲထည့်နည်းကိုသာပြောနေရ
by -
ကန္တာရဝတီတိုင်း(မ်)
နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးကာလတွင် ပါတီလမ်းစဉ်များကို ချပြ ရှင်းပြရမည့်အစား မဲထည့်ပုံထည့်နည်းကို သာ ပြောကြားနေ ရကြောင်း စည်းရုံးရေးဆင်းနေကြသည့် ကိုယ်စားလှယ်လောင်းများထံမှသိရပါသည်။

electionပြည်သူများ နိုင်ငံရေးဆိုင်ရာ အသိပညာ ဗဟုသုတ နည်းသဖြင့် မဲပေးသည့်အသိပညာများကိုသာ ဦးစားပေး ပြောနေရသည်ဟု ရှမ်းတိုင်းရင်းသားများ ဒိီမိုကရေစီအဖွဲ့ချုပ်မှ ဒုဥက္ကဌ စိုငး်စံအေး ကပြောသည်။

“ကျနော်တို့ ပါတီက အခုဘာလုပ်နေရတယ်ဆို မဲထည့်ပုံထည့်နည်း၊ မဲပြားကို ဖြေရှင်းနည်း အဲလိုမျိုးပေ့ါ။ မဲနဲ့ ပတ်သက်ပြီး ရှင်းပြနေရတယ်။ ပါတီရဲ့ မူဝါဒလမ်းစဉ်ကတော့ အရင်ကပဲ လုပ်တယ်။ အခုလောလောဆယ်ကတော့ အဲဒါပဲလုပ်နေရ တာပေ့ါနော်။ ပြည်သူတွေက နားမလည်ဘူးလေ။”ဟု စိုင်းစံအေးက ပြောသည်။

ထိုကဲ့သို့ ကြံုတွေ့နေရခြင်းမှာ ယခင် ရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့် ပြီးသွားသည့်အတွက် ပြည်သူများက အတွေ့အကြံုမရှိ မသိနားမလည် ဖြစ်နေကြရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ဖရူဆိုမြို့နယ် မဲဆန္ဒနယ်တွင်လည်း ရွေးကောက်ပွဲကျင်းပရခြင်းကို မသိကြသည့်အတွက် မည်သည့် ကိုယ်စာလှယ်လောင်းကို မဲထည့်ရမည်ဆိုသည်ကိုလည်း နားမလည်ကြသေးကြောင်း ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ပြိုင်မည့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီမှ ခူးသဲရယ်က ပြောသည်။

“ရွာတွေမှာဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်တာကတော့ ဘယ်လိုပြောရမှာလဲဆို (၁၀)ယောက်မှာ (၁)ယောက်လောက်ပဲသိချင်မှသိမှာ။ ဒါတောင် မှ ရှားရှားပါးပါးပေ့ါ။”ဟု ခူးသဲရယ်က ပြောသည်။

ထိုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ မဲထည့်ပုံထည့်နည်းကို ပြည်သူများက မသိနားမလည်ခြင်းကြောင့် အခက်အခဲတစ်ခုလည်းဖြစ်စေကြောင်း ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

ပြည်သူများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်း တာဝန်သည် ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဟုဆိုသော်လည်း ပါတီများကသာလျှင် တာဝန်ကိုယူဆောင်နေရသလို ဖြစ်နေကြောင်း မဲဆွယ်စည်းရုံးရေးဆင်းနေသော ကိုယ်စားလှယ်လောင်း များက ပြောသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...