ဆေးခန်း၊ ရေတွင်း နှင့် ဆည်တည်ဆောက်ပေးရန် ရွာသားများက ကြံ့ခိုင်ရေးကိုတောင်းဆို

ဆေးခန်း၊ ရေတွင်း နှင့် ဆည်တည်ဆောက်ပေးရန် ရွာသားများက ကြံ့ခိုင်ရေးကိုတောင်းဆို
by -
ကန္တာရဝတီတိုင်း(မ်)
ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီမှ ဒီးမော့ဆိုမြို့နယ် ဒေါစဲရွာသို ့ မဲဆွယ်စည်းရုံးစဉ် ရွာသားများက ဆေးပေးခန်းဆောက်ပေးရန် အဝီစိ တူးပေးရန်နှင့် ဆည်ဆောက်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

“ရွာမှာရှိတဲ့ ဆေးပေးခန်းက စံချိန်မမီဘူး။ ဆေးခန်းဆိုတာ ရွာထဲမှာ မရှိရဘူး။ ရွာပြင်မှာ ဆောက်ဖို့ အတွက် နေရာရှိပြီးသား ပါ။ နောက်ပြီး ဆေးပေးခန်း ဆရာမလည်း နေ့ရောညပါ အဆင်သင့် ရှိပေးသင့်တယ်။”ဟု ဒေါစဲ လူငယ်ဥက္ကဌ ဦးညေးရယ်က ပြောသည်။

ဒီးမော့ဆိုမြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်မှ ဒေါစဲရွာ မေတ္တာရိပ်မွန် ခန်းမ ဆောင်တွင် ရွာသူရွာသားများနှင့် တွေ့ဆုံစဉ်ဒီးမော့ဆိုမြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်မှ ဒေါစဲရွာ မေတ္တာရိပ်မွန် ခန်းမဆောင်တွင် ရွာသူရွာသားများနှင့် တွေ့ဆုံစဉ်ကြံ့ခိုင်ရေးပါတီမှ လက်ရှိ ဒီးမော့ဆိုမြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်သည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဒေါစဲရွာ မေတ္တာရိပ်မွန် ခန်းမဆောင်တွင် ရွာသူရွာသားများနှင့် တွေ့ဆုံကာ မဲဆွယ်စည်းရုံးဟောပြော ပွဲပြုလုပ်သွားခဲ့သည်။

ထိုစဉ်တွင် ဦးညေးရယ်က “ရေထဲမှာ ထုံးဓာတ် တအားပါနေတယ်။ ရေနွေးကျိုတဲ့ အချိန်မှာပဲကြည့် အပေါ်မှာဆို ဖြူဖတ်နေတာပဲ သောက် လို့တောင် မပျော်တော့ဘူး။”ဟု ဆက်ပြောသည်။

ဆည်မရှိသည့်အတွက် ကုန်းပေါ်မှ လယ်များအားလုံး စိုက်ပျိုးနိုင်ခြင်းမရှိခဲ့သည့်အတွက် အခက်အခဲ ဖြစ်နေကြသည်ဟု ဒေသခံများ က တောင်းဆိုကြသည်။

အဝီစိ တူးပေးရန် ပညာရှင်ကို ခေါ်ပေးမှာဖြစ်ပြီး မြေနေရာ တူး၍ရ မရစမ်းသပ်ရမည်ဖြစ်ကြောင်း ၎င်းအတွက် ဆောက်ပေးမည်ဟု ကတိပေးခဲ့သည်။

ဦးစိုးရယ်သည် လက်ရှိတွင် ဒီးမော့ဆိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် ဒီးမော့ဆိုမြို့နယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...