ရွေးကောက်ပွဲ အနှောင့်အယှက်မပေးဟု KNPP အာမခံ

ရွေးကောက်ပွဲ အနှောင့်အယှက်မပေးဟု KNPP အာမခံ
by -
ကန္တာရဝတီတိုင်း(မ်)
ရွေးကောက်ပွဲတွင် အနှောင့်အယှက်ပေးမည် မဟုတ်ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့က လွိုင်ကော်မြို့ ရဟန်းဖြစ်သင်ကျောင်း ၌ ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲဆွေးနွေးပွဲတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က အာမခံချက်ပေး ပြောဆိုသွားခဲ့သည်။

၎င်းဆွေးနွေပွဲတွင် KNPP ၏ လွိုင်ကော်မြို့ ဆက်ဆံရေးရုံးမှ တာဝန်ခံ ခူညေးရယ်က “ရွေးကောက်ပွဲ လုပ်တဲ့အချိန် ကျနောတို့ အဖွဲ့အနေနဲ့လည်း လုံးဝအနှောင့်အယှက် ပေးမှာ မဟုတ်ပါဘူး။”ဟု ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ် NCA မထိုးနိုင်သေးသည့်အတွက် ပြည်တွင်းတွင် နေထိုင်သွားလာနေကြသည့် KNPP နှင့်မိသားစုဝင်များသည်လည်း မဲမပေးနိုင်သေးကြောင်း သူက ပြောဆိုသွားခဲ့သည်။

ယခင် ၂၀၁၀ ရွေးကောက်ပွဲတွင်မဲပေးခွင့်မရခဲ့သလို ယခုလည်း မဲစာရင်းတွင် အမည်မပါဟု KNPP အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆော်ရယ်ဒေး ယခုလို ဆွေးနွေးသွားပါသည်။

၎င်းက “၂၀၁၀ရွေးကောက်ပွဲတုန်းက ကျနော် တောထဲမှရှိနေတဲ့အခါကြတော့ မဲမပေးလိုက်ရဘူး။ အခုကျပြန်တော့လည်း အတိုင်းအတာတစ်ခုကြောင့် မဲပေးခွင့် မရပြန်ဘူး”ဟု ပြောသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို KNPP အနေဖြင့် ကန့်ကွက်ထားသော်လည်း ယင်းကြောင့် မဲဆန္ဒရှင် ပြည်သူများကိုလည်း အဟန့်အတား ပြုလုပ်မည်မဟုတ်ကြောင်း မိမိတို့ မဲထည့်ခွင့်မရသည်ကိုလည်း ကန့်ကွက်စရာမရှိကြောင်း ခူညေးရယ်က ဖြည့်စွက်ပြောသည်။

တစ်််နိုင်ငံလုံးဆိုင်ရာ အပစ်ခက်ရပ်ဆဲရေးစာချုပ်ကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် များမှ ဆွေနွေးလျက်ရှိပြီး စာချုပ်ကို လက်မှက်ထိုးပြီးပါက တရားမဝင်အသင်းအဖွဲ့မှ ပယ်ဖျက်ပေးရမည်ဟု တိ်ုင်းရင်းသားလက်နက်ကိုင်များက တောင်းဆိုထားသည်။

KNPP အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သွားမည်ဟု သိရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...