စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးနေရာအတွက် ရ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်

စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးနေရာအတွက် ရ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်
by -
ခိုနူမ်းထုန်
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီး နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ရ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ကလေး ခရိုင်ရွေးကောက် ပွဲကော်မရှင်ရုံးမှ ရရှိထားသော စာရင်းအရ စစ်ကိုင်းတိုင်း ချင်းရေးရာ ဝန်ကြီးနေရာအတွက် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာကမ်ကျင်ဒါးလ်၊ ချင်းတိုးတက် ရေးပါတီမှ ဦးနိုးထန်ကပ်၊ ချင်း ဒီမိုကရေစီ အဖွဲ့ချူပ်ပါတီ မှ ဦးလျန်နောင်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ပါတီမှ ဦးအင်ခန့်ဂို၊ အမျိူးသားဒီမိုကရေစီ အဖွဲ့ချူပ်ပါတီမှ ဦးလာလ် ထောင်ထန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဦးခွထီယိုး နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးထောင်းဇပေါင်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းချင်းရေးရာဝန်ကြီးနေရာအတွက် ချင်းတိုးတက်ရေး ပါတီမှ ဦးနိုးထန်ကပ်၊ တစ်သီးပုဂ္ဂလအနေဖြင့် ဦးအယ်နှုတ် နှင့် ကြံ့ခိုင်ရေးပါတီမှ တစ်ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကသာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဦးနိုးထန်ကပ်မှ အနိုင်ရရှိခဲ့သည်။

ယခုနှစ် ရွေးကောက်ပွဲမှာမူ ချင်းနိုင်ငံရေးပါတီ ၄ ပါတီ နှင့် ပြည်မပါတီကြီး ၃ ပါတီ စုစုပေါင်း ရ ပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်မြေဖြစ်လာဖွယ်ရှိသည်။

ကလေးမြို့ဒေသခံချင်းတိုင်းရင်းသားတစ်ဦးက “ချင်းရေးရာဝန်ကြီးအတွက်တော့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပွဲဖြစ်မယ် လို့ ယူဆပါတယ်၊ တကယ်ကိုကြည့်လို့ကောင်းပြီး ရင်ခုန်စရာကောင်းတဲ့ ပွဲကြီးပွဲကောင်းတစ်ခုက မကြာခင်ရောက်လာတော့ မှာပါ’’ဟု ပြောသည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...