NCA လက်မှတ်မထိုးနိုင်သေးသည့်အပေါ် ကယားဒေသခံနိုင်ငံရေးပါတီများစိုးရိမ်

NCA လက်မှတ်မထိုးနိုင်သေးသည့်အပေါ် ကယားဒေသခံနိုင်ငံရေးပါတီများစိုးရိမ်
by -
ကန္တာရဝတီတိုင်း(မ်)
လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်မထိုးနိုင်သေးတဲ့အတွက် လာမည့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ဌာနေဒေသခံပါတီတွေဖြစ်တဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) နှင့် ကယားလူမျိုးစုပါတီတို့က ပြောသည်။

̏လက်နက်ကိုင် အဖွဲ့အစည်းတွေရှိတဲ့ ဒေသမှာဆိုရင် ငြိမ်းချမ်းဖို့ဆိုတာ အခက်အခဲတွေရှိနိုင်တယ်။ အပစ်အခတ်တွေရှိနိုင်တော့ အဲ့ဒီဒေသမှာရှိတဲ့ ရွေးကောက်ပွဲအခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်̋ဟု လူမျိုးပေါင်းစုံဒီမိုကရေစီ (ကယားပြည်) ဥက္ကဌ ဦးဖိုးရယ်က ပြောသည်။

ကယားလူစုဒီမိုကရေစီပါတီ ဥက္ကဌ ဦးဒယ်နီရယ်ကလည်း “ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲမှာ လွပ်လတ်ပြီးတော့ တရားမျှတရမယ်လိုတော့ ပြောတာပဲ ဒါပေမယ့် အရင်အတွေ့အကြံုအရ တိုက်ပွဲဖြစ်တဲ့နေရာတွေဆို မဲရုံတွေပိတ်သိမ်းနိုင်တယ် ဒါအရေးကြီးတဲ့ ကိစ္စတစ်ခုပဲ သူတို့နှောက်ယှက်ရင်တော့ တိုက်ပွဲဖြစ်မှာပဲ”ဟု ပြောသည်။

ယခုလက်ရှိအနေအထားတွင် အစိုးရက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၂၁ ရှိသည့်အထဲမှ ၁၅ ဖွဲ့ကိုသာ လက်မှတ်ထိုးရန် ကမ်းလှမ်းထားသည်။

သို့သော် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့်တကွ ကျန်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက NCA ကို အားလုံးပါဝင် လက်မှတ်ထိုးနိုင်ရန် လိုလားနေကြသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...