ဘောလခဲတွင် ရေလွှဲဆည်ပြုလုပ်ခြင်းကြောင့် ပျက်စီးသွားသည့် စိုက်ခင်း ပြန်ပြုပြင်ပေးမည်

ဘောလခဲတွင် ရေလွှဲဆည်ပြုလုပ်ခြင်းကြောင့် ပျက်စီးသွားသည့် စိုက်ခင်း ပြန်ပြုပြင်ပေးမည်
by -
ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ်၊ ဘောလခဲမြို့ရှိ ဟော်ခမ်းကျေးရွာတွင် ရေလွှဲဆည်ပြုလုပ်သည့်နေရာတွင် ပျက်စီးသွားသည့် တောင်သူများ၏ စိုက်ခင်းကို ပြန်လည်ပြုပြင်ပေးမည်ဟု ဘောလခဲမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းညွှန့်က ပြောသည်။

၎င်းက “အများကြီးလည်း မဟုတ်ဘူး။ မြောင်းတစ်မြောင်းစာလေးပဲ။ တစ်ဧကလောက်တောင် မရှိဘူး။ ပွိုင့် ဝမ်းလောက်ပဲ ရှိမှာ။ ရိတ်သိမ်းတဲ့ အထိက မစောင့်နိုင်တော့ဘူးလေ။ အဆင်ပြေအောင်တော့ ညှိပေးမယ်ပေါ့နော်။”ဟု ပြောသည်။

ဇူလိုင်လကုန်ပိုင်းတွင် တာလီလော့ရေလွှဲဆည်ကို ဆည်မြောင်းဦးစီးဌာနက စတင်ပြုလုပ်ရာတွင် ဖောက်သွား သည့် မြောင်းတွင် ဒေသခံအချို့၏ ခြံစည်းရုံးနှင့် စိုက်ခင်း ၃ ခင်းကို ထိခိုက်သွားသည့် အပေါ် ပြန်လည်တာဝန်ယူပေးမည်ဖြစ် သည့်အကြောင်း ပြောဆိုသွားခြင်းဖြစ်သည်။

ပျက်စီးသွားသည့် စိုက်ခင်းအနည်းကို ထွက်ရှိသည့် ပေါက်ဈေးအတိုင်း အခကြေးငွေကို ပြန်လည် ရရှိလိုသည်ဟု စိုက်ခင်းထိခိုက်သွားသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့ကို ပြန်လျော်ပေးမယ်လို့တော့ ပြောတာပဲ။ လျော်မလား မလျော်ဘူးလားတော့ မသိဘူး။ ပြန်လျော်ပေးရင်တော့ ပေါက်တဲ့ဈေး အတိုင်း ပြန်ပေးဖို့ပေါ့” ဟု ၎င်းအမျိုးသမီးက ပြောသည်။

၎င်းတို့နေရာတွင် ယခင်ကပင် အပစ်အခတ်များရှိနေခဲ့ခြင်းကြောင့် ရွာပုန်းရွာရှောင်ခဲ့ကြရကာ ယခုအခါတွင် အနည်းငယ် ပြန်လည် စိုက်ပျိုးလာကြခြင်းဖြစ်သည်။

ပစ်ခတ်ရပ်စဲလာသည့်နောက်ပိုင်းတွင် နှမ်းကိုသာစိုက်ပျိုးလာကြကာ ယခုအခါ လယ်စပါးကို ပြန်လည်စိုက်ပျိုးလိုခြင်းကြောင့် ရေရှိနိုင်ရန် အတွက် ရေလွဲဆည်ပြုလုပ်ရန် ၂၀၁၂ ဩဂုတ်လတွင် ပြည်နယ်အစိုးရထံသို့ တင်ပြထားခဲ့ခြင်းဖြစ်သည်။

“အခုက နှမ်းတွေပဲ စိုက်ကြတယ်။ ခုလယ်တွေ ဖော်မယ့်နေရာလည်း နှမ်းတွေပဲ စိုက်ကြတယ်။ ရေ မရလို့”ဟု ဟော်ခမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းမောင်က ပြောသည်။

လက်ရှိတွင် လယ်စပါးပြန်လည်စိုက်ပျိုးရန် လယ်မရှိသေးသော်လည်း လယ်ဟောင်းများပြန်ဖော်ရန် ဧက ၅ဝခန့် ရှိသည်ဟု သိရသည်။

ရေလွှဲဆည်ပြုလုပ်ပေးထားမှာဖြစ်သည့်အတွက် စပါးစိုက်ပျိုးလိုသည့်သူများက လယ်များကို ကိုယ်တိုင် ဖော်ထုတ်ရန် လိုအပ်သည်ဟု ဦးဝင်းညွန့်က ပြောသည်။

“ရေပေးတူးမြောင်းက ပေ တစ်ထောင့်နှစ်ရာ အကျိုးပြုလယ် (ဧက)က ငါးဆယ်။ ဒါတောင် သူတို့ ပြန်ဖော်မှ ရမှာနော်။ လောလော ဆယ်တော့ အဲ့လောက် မရှိဘူး။ အရင်တုန်းက လယ်ရှိတယ်။ ရေရမယ်ဆိုရင် ဖော်မယ့်သူက သူတို့တာဝန်ဖြစ်သွားပြီ”ဟု ဦးဝင်းညွှန့်က ပြောသည်။

တာလီလော့ရေလွှဲဆည်သည် ၂၀၁၅-၁၆ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်းဖြစ်ပြီး ရေလွှဲဆည်ကိုမူ ကျောက်ပန်းရံအမျိုးအစားဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...