ရေအခက်ခဲဖြစ်မည်ကို စိုးရိမ်၍ ပြည်သူ့စစ်အဖွဲ့မှ ဖာလာတိုးချဲ့ စိုက်ခြင်းကို ဒေသခံများကန့်ကွက်

ရေအခက်ခဲဖြစ်မည်ကို စိုးရိမ်၍ ပြည်သူ့စစ်အဖွဲ့မှ ဖာလာတိုးချဲ့ စိုက်ခြင်းကို ဒေသခံများကန့်ကွက်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့ရှိ စောင်းလော့ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့ဖြစ်သည့် ကြယ်ဖြူအဖွဲ့မှ ဒေသခံများ ၏ ရေထွက် ရှိရာ တောင်ပေါ်တွင် ဖာလာစိုက်ပျိုးသည့်အပေါ် ရေအခက်ခဲကြံုရမည်ကို စိုးရိမ်သဖြင့် ဒေသခံများမှ ပြန်လည် ကန့်ကွက်ခဲ့သည်ဟု သိရသည်။

ဖာလာစိုက်ပျိုးတိုးချဲ့မှုကို ကန့်ကွက်ပြီး ယခုနှစ် စိုက်ပျိုးပြီးဖြစ်သည့် အပင်ကို တိုးချဲ့မစိုက်စေဘဲ ဤနှစ်အတွင်းသာ စိုက်ပျိုးထားခွင့်ပြုမည် ဟု ချီးကွဲ့ကျေးရွာရှိ ဒေသခံတစ်ဦးက ပြောသည်။

“စောင်းလော့ကဟာတွေလည်း စိုက်ပြီးထားတဲ့ ဟာတွေပဲ ခွင့်ပြုထားတယ်။ နောက်စိုက်ဖို့ ပိတ်ပင်လိုက်ပြီ။ ထပ်ချဲ့ဖို့တော့ မပေးလုပ်တော့ဘူး။ ကျတော်တို့ကန့်ကွက်မယ်။”ဟု ချီးကွဲ့ကျေးရွာမှ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု အထောက်ကူပြုအဖွဲ့မှ အတွင်းရေးမှူး ဦးထွန်းရွှေက ပြောသည်။

အလားတူ ချီးကွဲ့ကျေးရွာတွင် တိုးချဲ့စိုက်ပျိုးလာသည့်အပေါ် ရေရှားလာမည်ကို စိုးရိမ်၍ ဒေသခံများ ကန့်ကွက်ထားခြင်းဖြစ်သည်ဟု သိရသည်။

“ကြယ်ဖြူပြည်သူ့စစ် ဟိုးအရင်နှစ်က လာလုပ်တယ်၊ ဒီတစ်နှစ်မှာ စိုက်တယ်။ လာစိုက်တာတော့ မကြာသေးဘူး။ ၅ လပိုင်းမှာ စစိုက်တယ်။ ကျတော်တို့ ဒီရွာတော့ ကန့်ကွက်တာပေါ့။ ဒီမှာ စိုက်လို့ရှိရင် ကျတော်တို့ ရေခန်းမယ်တို့ပေါ့”ဟု ချီးကွဲ့ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

ရေအရင်းအမြစ်ထွက်ရှိသည့် နေရာများတွင် ရေထွက်ကြာရှည်ရန်အတွက် သဘာဝသစ်တောကို ထိန်းသိမ်းပြီး ပြည်နယ်ဝန်ကြီးများ၏ အကူညီဖြင့် အစုဖွဲ့ပိုုင်သစ်တောအဖြစ် ပြုလုပ်ပေးနိုင်ရန် ၎င်းတို့ နေရာများတွင် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဦးစီးဌာနမှ ပညာပေးစည်းရုံးထားသည်ဟု သိရသည်။

“ရေအရင်းအမြစ်ရှိတဲ့ နေရာတွေမှာ သဘာဝတောကို ထိန်းဖို့ဆိုပြီးတော့မှ အဲ့နေရာတွေမှာသူတို့ကို ပညာပေးပြီးစည်းရုံးတာပေါ့။ သစ်ပင်တွေ မခုတ်ဖို့နဲ့ ရေထွက်တွေကြာရှည်မြဲဖို့ အတွက်ပေါ့”ဟု ဘောလခဲသစ်တောမြို့နယ် ဦးစီးမှူး ဦးတင်ဝင်းက ပြောသည်။

ဒေသခံလူထုများသည် တောင်ကျရေကိုသာ အသုံးပြုနေရခြင်းကြောင့် ရေထွက်ရှိသည့်နေရာတွင် ၎င်းတို့ကိုယ်တိုင်ကပင် သစ်ပင်များခုတ်ရောင်းခြင်း၊ ထင်းခုတ်ခြင်းခြင်းများကို မပြုလုပ်ဘဲ ရေရရှိရန်အတွက်သာ ထိန်းသိမ်းထားကြသည်ဟု သိရသည်။

၂၀၀၇-၀၈ခုနှစ်ကတည်းကပင် လာရောက်စိုက်ပျိုးလျက်ရှိ်ကြပြီး ရွာနှင့် ၃မိုင်ခန့်ကွာဝေးမှု ရှိသော်လည်း ရေထွက်ရှိရာနေရာတွင် စိုက်ပျိုးမှုကြောင့် တစ်နှစ်ထက်တစ်နှစ်ရေ ရှားပါးလာရခြင်း ဖြစ်သည်ဟု စောင်းလော့ဒေသခံလူငယ်ကျော်ခိုင်ဦးက ပြောခဲ့သည်။

“ခုကျတော်တို့ သုံးနေတဲ့ရေက ၂၀၀၉ ကတည်းက ACF အဖွဲ့ကနေ လာလုပ်ပေးတာ။ ပိုက်နဲ့ သွယ်ပြီးတော့ ရေကန်နဲ့ တဆင့်ပြီးတဆင့် လာတဲ့ ခါကျတော့ သူတို့က ဒီထက်ပေါ်မြင့်တဲ့ နေရာမှာ ဖာလာသွားစိုက်တဲ့ခါကျတော့ င်္ဒီရွာတွက်ရေက တစ်နှစ်နဲ့တစ်နှစ်က နည်းလာတယ်ပေါ့နော်” ဟု ကိုကျော်ခိုင်ဦးက ပြောသည်။

စောင်းလော့ကျေးရွာရှိတောင်ပေါ်ဒေသတွင် ၎င်းတို့ အဖွဲ့စိုက်ပျိုးသည်မှာ ၁၀ ဧက ခန့်ရှိသည်ဟု သိရသည်။ ဘောလခဲဒေသဘက်သည် အပူပိုင်းဒေသဖြစ်သည့်အတွက် ဒေသခံ ပြည်သူအများစုမှာ နှမ်းကိုသာ အဓိက စိုက်ပျိုးကြသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...