သြဂုတ်လ ၁၇ ရက်နေ့တွင် ကျရောက်သောာ (၆၇)နှစ်မြောက် ကရင်နီတပ်မတော်နေ့ကို ပြည်တွင်း တွင် ဒုတိယအကြိမ်မြောက် အမှတ်(၅)မြို့နယ် လိုဘာခိုခရိုင် ဖရူဆိုမြို့နယ် တော်ခုူကျေးရွာအုပ်စု ကလိလျားကျေးရွာတွင် စစ်ရေးပြခြင်းနှင့်အတူ ခမ်းခမ်းနားနား ကျင်းပသွားခဲ့စဉ် ခူးဒယ်နီယယ်က ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
၎င်းက “ကျနော်တို့ နှစ်ပေါင်း(၇၀)နီးပါး စစ်အစိုးရနဲ့ တိုက်ရင်းခိုက်ရင်းလာရင်းနဲ့ စစ်အစိုးရနဲ့ လက်ရှိ ဆွေနွေးပွဲတွင် အပစ်ခတ်ရပ်စဲရေးအကြိမ်ကြိမ် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ ယနေ့ နောက်ဆုံးအခြေအနေအရ တတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေး စစ်မှန််တဲ့ ငြိမ်းချမ်းရေးရရှိိဖို့က ကျနော်တို့ အဆင့်ဆင့်ကို သွားနေပါတယ်။”ဟု ပြောသည်။
အပစ်ခတ်ရပ်စဲရေး(သို့မဟုတ်) ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးနေစဉ်တွင် နောက်ဆုတ်ဖို့မရှိဘဲ ချမှတ်ထားသော ရည်မှန်းချက် လမ်းစဉ်အတိုင်း ဆက်လုပ်သွားဖို့ ရှိထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသွားသည်။
စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ တပ်မတော်သားများ မရှိမဖြစ်လိုအပ်သလို ပြည်သူလူထုများ၊ အသိပညာရှင်အတတ်ပညာရှင်များ လူတိုင်းနှင့် ပူးပေါင်းပါ၀င်ရန်လည်း အရေးကြီးသည်ဟု အမှတ်(၂)ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူး ခူးနဲနယ်ဦးက ပြောသည်။
“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုု ကျနော်တို့ ရောက်ရှိနိုင်ဖို့အတွက်ကတော့ တပ်မတော်က မရှိမဖြစ် လိုအပ်တယ်။ ဘာဖြစ်လဲဆို စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ကျနော်တို့ ချီတက်နေတဲ့ နေရာမှာက အခုလောလောဆယ် ဖက်ဒရယ်ပြည်ထောင်စု မရောက်ခင်မှာဆိုရင် ကျနော်တို့ ဒီကြား ကာလမှာ အများကြီးဖြတ်သန်းသွားဖို့ လိုအပ်သေးတယ်။ ဒီလို ဖြတ်သန်းသွားတဲ့နေရာမှာက မိဘပြည်သူအများကြီး ပူးပေါင်းပါ၀င်ဖို့ လိုအပ်တယ်။”ဟု ခူးနဲနယ်ဦးက ပြောသည်။
KNPP သည် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုုးနေသည်မှာ (၃)နှစ်ကျော် ကာလကို ရောက်နေပြီး လက်ရှိအပစ်ခတ်ရပ်စဲရေးကာလတွင် ပြည်နယ်တွင်းတွင် အပြင်ပန်းတိုးတက်မှု အသီးအပွင့်များကို မြင်တွေ့နေ ရသော်လည်း ပြည်သူ လူထုအတွက် အာမခံချက်မရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်တွင် များစွာ မူတည်နေသည်ဟု ခူးနဲနယ်ဦးက ဆက်ပြောသည်။
အခမ်းအနားတွင် ကရင်နီမှ သက်ဆိုင်ရာခေါင်းဆောင်များနှင့်အတူ ကယန်းပြည်သစ်ပါတီမှ ကိုုယ်စားလှယ်များတက်ရောက်ကြပြီး ဒေသ ခံပြည်သူများ၊ ကျောင်းသူကျောင်းသားများ၊ ဌာနဆိုင်ရာပဂ္ဂိုလ်များ၊ ကရင်နီတပ်မတော်သား စသဖြင့် လူဦးရေ (၅၀၀)ကျော် တက်ရောက်ခဲ့ကြသည်။
၁၉၄၈ ခုနှစ် ဗမာပြည်လွတ်လပ်ရေးရရှိလာသည့် အချိန်ကစပြီး မူလအခွင့်အရေးများကို လက်လွတ်ဆုံးရှုံးခဲ့ကြရသည့်အတွက် ကရင်နီအမျိုးသားတို့သည် လက်နက်ကိုင်ပြီး ဗမာပြည်ကို အုပ်ချုပ်လာခဲ့ကြသည့် အစိုးရအဆက်အဆက်ကို တိုက်ပွဲဝင်လာခဲ့ကြခြင်းဖြစ် သည်။







