KIO ကချင် ရေဘေးသင့် ကူညီမှု ချင်းပြည်သူထံ အချိုးကျ ဖြန့်ဝေ

KIO ကချင် ရေဘေးသင့် ကူညီမှု ချင်းပြည်သူထံ အချိုးကျ ဖြန့်ဝေ
by -
ခိုနူမ်းထုန်
မြန်မာနိုင်ငံ ချင်းတောင်တန်းဒေသတွင် ကြုံတွေ့နေရသော ညီနောင် ချင်းပြည်သူများအတွက်ဆိုပြီး Kachin Independent Organization(KIO)မှ ဩဂုတ်လ ၁၃ ရက်နေ့က လှူဒါန်းသည့် ကျပ်ငွေ သိန်းပေါင်း တစ်ထောင်ကို  ရေဘေးသင့် ချင်းပြည်သူထံသို့ ခွဲဝေလိုက်ပြီဖြစ်သည်။

အဆိုပါ လှူငွေကို Chin Disaster Response Coordination ရဲ့ ဩဂုတ်လ ၁၄ – ၁၅ ရက်နေ့က ရန်ကုန်အစည်းအဝေးမှ ခွဲဝေပေးလိုက်ခြင်းဖြစ်ပြီး ချင်းပြည်နယ် ၉ မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ကလေး – ကဘော် စသဖြင့် ဒေသ (၁၂)ခုရှိ ရေဘေးသင့် ပြည်သူများထံသို့ ခွဲဝေလိုက်ခြင်း ဖြစ်သည်။

“ချင်းပြည်နယ်ရှိ (၉)မြို့နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ကလေးမြို့နယ်တို့မှ ရောက်ရှိ လာတဲ့ ကိုယ်စားလှယ်များနှင့် အတူ ဆွေးနွေးပွဲတက်ရောက်လာတဲ့သူအားလုံး သဘောတူညီမှုအတိုင်း ဒေသ(၁၂)ခုမှ ပျက်စီး ဆုံးရှုံးမှုအပေါ်မူတည်ပြီးတော့ ခွဲဝေခဲ့ကြပါတယ်”ဟု တာဝန်ရှိသူ Mai Hanah sung က ၎င်း၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

လေ့လာမှတ်သားချက်အရ ချင်းပြည်သူရေဘေးသင့် ကူညီမှုများအနက် KIO ကချင်ကူညီမှုသည် ပမာဏ အများဆုံးဖြစ်သည်နှင့်အညီ  ချင်းပြည်နယ် ၉ မြို့နယ် အပါအဝင် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ် ၂ ခု ပေါင်း (၃) ခု ထံ Chin Disaster Response Coordination က လွှမ်းခြုံဖြန့်ဝေခဲ့ကြသည်။

KIO သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် လက်ရှိ အစိုးရအကြား နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း ၂၀၁၂ ခုနှစ်နောက်ပိုင်း အစိုးရနှင့် စစ်ရေးအရ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီး ၎င်း၏ ကချင်ပြည်သူ ဒုက္ခသည်ပြဿနာနှင့် ရင်ဆိုင်နေရချိန်လည်းဖြစ်သည်။

“သူတို့မှာလည်း ဒုက္ခသည်ပြဿနာနဲ့ ရင်ဆိုင်နေရတယ်။ အရှင်းဆုံးပြောရရင် ကချင်ကူညီမှု ဆိုတာထက် သွေးက စကားပြောတာပါလို့ပဲ ပြောချင်တယ်”ဟု အမည်မဖော်လိုသည့် ချင်းလူကြီး တစ်ဦးက ပြောသည်။

ထို့အပြင် ၁၉၈၈ ခုနှစ်မှ ယနေ့အထိ ၂၇ နှစ်ကြာ ချင်းအမျိုးသား လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဆင်နွှဲလာခဲ့သည့် Chin National Front (CNF)သည် KIO ထံမှ အခြေခံ စစ်ပညာနှင့် စစ်ရေး အတွေ့အကြုံကို အဦးဆုံး ရယူခဲ့သည်ဟု သိရသည်။

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...