ဒုုက္ခသည်များပြန်လည်နေရာချထားရေး အာမခံချက် ရှိရမည်

ဒုုက္ခသည်များပြန်လည်နေရာချထားရေး အာမခံချက် ရှိရမည်
by -
ကန္တာရဝတီတိုင်း(မ်)
ထိုုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော ဒုက္ခသည်များကို ပြည်တွင်းသို့ ပြန်လည် အခြေချနေထိုင်ရေး အတွက် နိုင်ငံတကာ စံနှုန်းနှင့်အညီ အာမခံချက်ရှိရန် ထိုင်းအစိုးရထံသို့ တင်ပြမည်ဟု ထိုင်းလူ့အခွင့်အရေး ကော်မရှင်က ပြောသည်။

သြဂုတ် ၅ ရက် ထိုင်းနိုင်ငံ မယ်ဟောဆောင်ခရိုင်ရှိ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းရှိ ဒုက္ခသည်ကိုုယ်စားလှယ်များကို တွေ့ဆုံရာ တွင် ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ နီရန် ပီတပ်ဝပ်ချရာက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စံချိန်စံနှုန်းနဲ့ အညီဖြစ်တဲ့ လုံခြုံမှုနဲ့ပါတ်သက်ပြီး အာမခံချက်ရှိရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။ ကျန် တစ်ချက်ကတော့ ပြန်ပြီးတဲ့ အချိန်ကျရင် ဒုက္ခသည်တွေအနေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုနဲ့အတူ နေထိုင်ပြီးတော့မှ လုပ်ကိုင်စားသောက်နိုင်တဲ့ အနေအထားမျိုးနဲ့ ပြန်နိုင်ဖို့ ကျနော်တိုု့ ဒီနှစ်ချက်ကို အခြေခံပြီးတော့မှ အစိုးရကို တင်ပြမှာဖြစ်တယ်”ဟု သူက ပြောသည်။

မကြာမီ ထိုင်းနှင့်မြန်မာ အစိုးရတို့ ဒုက္ခသည် ပြန်လည်နေရာချထားရေး ကိစ္စရပ်များ ဆွေးနွေးရန်ရှိနေ သည့်အတွက် ထိုင်းလူ့အခွင့်အရေး ကော်မရှင်က ဒုက္ခသည်စခန်းသို့ သွားရောက်ကာ အခြေအနေ မှန်ကို လေ့လာခဲ့ခြင်းဖြစ်သည်။

ယခင်က ထိုင်းနှင့် လာအို နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် လာအို ဒုက္ခသည်များကို ပြန်လည် ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်း ပြန် လည်ထွက်ပြေးလာခဲ့သည့်အတွက် အောင်မြင်မှု မရသကဲ့သို့ ယခင်ရက်ပိုင်းက တရုတ်နိုင်ငံက ဒုက္ခသည်များကို ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်ခဲ့ခြင်းကို ကန့်ကွက်သည်ဟု ထိုုင်းလွှတ်တော် အမတ်ဟောင်း ကရီဆတ် ချွန်းဟာဗန်က ပြောသည်။

“ထိုင်းဖက်က ဒုက္ခသည်တွေကို အန္တရာယ်ရှိတဲ့နေနရာမှာ ပြန်ခိုင်းဖို့ဆိုတာ လုံးဝ မရှိပါဘူး။ အစီအစဉ်ဘာမှ မရှိပါဘူး။ လူ့အခွင့်အရေးကော်မရှင်အဖွဲ့က ဆိုလို့ရှိရင် ဒုက္ခသည်ပြန်ဖို့ ပြုဖို့ကိစ္စ သူတို့အရမ်းပဲ သေချာလေ့လာပြီးတော့မှ စီစဉ်နေတာ၊ စိုးရိမ်နေတာ ရှိပါတယ်”ဟု ပြောသည်။

ဒုက္ခသည်တို့ အခြေအနေနှင့် ပတ်သက်၍ ချင်းမိုင်တက္ကသိုလ်က ဒုက္ခသည်စခန်းများတွင် သုတေသန လုပ်ဆောင်ခဲ့ပြီးနောက် ထိုင်းလူ့အခွင့်အရေး ကော်မရှင်က လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကရင်နီဒုက္ခသည်စခန်း ၂ ခု အပါအဝင် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်း ၉ ခုုတွင် ဒုုက္ခသည် ၁သိန်းကျော် ရှိကြောင်း သိရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...