ကယား မဲဆန္ဒနယ်အားလုံး ဒီချုပ် ဝင်ပြိုင်မည်

ကယား မဲဆန္ဒနယ်အားလုံး ဒီချုပ် ဝင်ပြိုင်မည်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ) ပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ဗဟိုက စိစစ် ရွေးချယ်မှုများပြုလုပ် လျက်ရှိသည်ဟု ပြည်နယ် ပါတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စည်သူက ပြောသည်။

ပြည်နယ်ရှိ မဲဆန္ဒနယ်မြေများတွင် ဘောလခဲမဲဆန္ဒနယ်မြေတွင် ဌာနဆိုင်ရာ ဝန်ထမ်းများပြီး ပါတီများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည့်အတွက် အကြပ်အတည်းများကြားမှ ယှဉ်ပြိုင်ရနိုင်သည်ဟု ဘောလခဲခရိုင် အန်အယ်လ်ဒီ ပါတီ ဒုဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပြောသည်။

“အများကြီးတော့ ထွေထွေထူးထူး မပြင်ဆင်ထားဘူး၊ နိုင်ငံချစ်စိတ်နဲဲ့ပြိုင်မယ်၊ လူထုတွေ ရွေးချယ် လိမ့်မယ်။ ရွေးကောက်ပွဲပြီးရင် အဖြေပေါ်မှာပါ”ဟု သူက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

ပြည်နယ်အတွက် အလုပ်ကျွေးပြုနိုင်သည့် အစိုးရတရပ် ပေါ်ထွန်းရန် လိုအပ်ပြီး ပါတီများ ရိုးရိုးသားသား ယှဉ်ပြိုင်စေလိုသကဲ့ သို့ ပြည်သူများ သေချာရွေးချယ်မဲပေးသွားရမည်ဟု လွိုင်ကော်မြို့ခံ ဦးမျိုးဦးက ပြောသည်။

“တကယ်လုပ်ပေးနိုင်တဲ့သူ လူထုအတွက် အသုံးတည့်မဲ့ သူကိုပဲ ရွေးချယ်မှာပါ”ဟု သူက ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၄ နေရာ၊ အမျိုးသား လွှတ််တော် မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နယ် ရ နေရာ၊ တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်အတွက် ဗမာတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်ဟု သတ်မှတ်ထားသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...