Mobile Charity Concert “In Aid of Disaster Victims in Myanmar” ဆိုသည့် အဆိုပါ ဖျော်ဖြေရေးအစီအစဉ်ကို ပြည်နယ် မြို့တော် အိုင်ဇောလ် ရပ်ကွက် ၄ နေရာတွင် ပြုလုပ်ခဲ့တာဖြစ်ပြီး မီဇို နာမည်ကြီး အဆိုတော်များက သီချင်းအားဖြင့် ဖျော်ဖြေကာ Miss Mizoram အလှမယ်များက အလှူခံခဲ့ကြသည်။
သြဂုတ် ၆ ရက်နေ့က Mobile Charity Concert ကို Bawngkawn, Chanmari, New Market နှင့် Millennium Centre တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မီဇိုရမ်နာမည်ကြီး အဆိုတော်ရှင်များဖြစ်တဲ့ Zo Rock, Sawmtea, Manuna Chawngthu, Ronald Zothantluanga, Zualboihi, Sangkimi Khiangte, Lawmi Khiangte, Feli Fanai နှင့် Rosy Zorinpuii တို့က သီချင်းအားဖြင့် ပါဝင်ကြသည်။
သြဂုတ် ရ ရက်နေ့မှာတော့ Thakthing Bazar (Mission Veng), Khatla Kawn, Vaivakawn နှင့် Israel Point တို့တွင် ပြုလုပ်မှာဖြစ်ပြီး နာမည်ကြီးအဆိုတော်ရှင်များစွာ ပါဝင်ကြမည် ဖြစ်သည်။
သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း Mizo Zaimi Inzawmkhawm (MZI) ခေါ် မီဇိုးအဆိုရှင်စု ပေါင်းအဖွဲ့အစည်းကလည်း Ignite Studio တွင် သီချင်းများသီဆိုကာ ရန်ပုံငွေရှာကြဦးမည်ဖြစ်သည်။
တဆက်တည်းမှာပင် မြန်မာနိုင်ငံ ရေဘေးသင့်သူများအတွက် People United in Music with a Purpose (PUMP) ဦးဆောင်မှုဖြင့် သြဂုတ်လ ၁၄-၁၅ ရက်နေ့များတွင် Millennium Centre ရှေ့တွင် charity concert အစီအစဉ်ထပ်မံပြုလုပ်သွားမည်ဖြစ်သည်ဟု သိရသည်။
အဆိုပါ အစီအစဉ် သြဂုတ် ၁၄ ရက်နေ့တွင် ပါဝင်ကြမည့် အဆိုရှင်များမှာ C.Luri, Zoramchhani, Mami Varte, Manunna (Hardray), Andrew Laltlankima, Henry Varte, Ruthi Ch.Ralte, Zorini Khiangte, Feli Thangluah, Dr.Zothansanga, DJ Lalvenhimi, Sawmtea Chhangte, Mizo Cardinal Choir, David Vanlalpeka, Lancy Remlalhruaii, Pratima, Spi, Michael M Sailo, Zualboihi, May-i, Ruatfeli (Triau Track), Hmingtea, The Breeze တို့ဖြစ်ပြီး သြဂုတ် ၁၅ ရက်နေ့တွင် ပါဝင်သီဆိုကြမည့် အဆိုတော်ရှင်များမှာ Lawmi Khiangte, Lungmuana Chhangte, The Prophets, Stacy VL Muanpuii, Forever Young, The keys, Hlimhlimi, Henry Varte, Rosy K. Remsangpuii, Temi Sailo, Betea, TBZ Choir, leprosy Mission Choir, Mizo Cardinal Choir, Feli Fanai, Laikai ROCK, Tribal Power, Hexatone, 3rd Eye, Radiowave နှင့် Kroashia စသည်တို့ အသီးသီးပါဝင်ကြမည်ဖြစ်သည်။







