ရေဘေးကြောင့် ကယားတွင် ဆန်စျေးတက်

ရေဘေးကြောင့် ကယားတွင် ဆန်စျေးတက်
by -
ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံတဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေဘေးဒဏ်ခံနေရသည့်အတွက် ကယား(ကရင်နီ)ပြည်နယ်သို့ တင်ပို့သည့် ဆန်စျေးများ မြှင့်တက်လာသည်ဟု လွိုင်ကော် ဆန်အရောင်းအဝယ်သမားများက ပြောသည်။

ကယား(ကရင်နီ)ပြည်နယ်သို့ တင်သွင်းနေသည့် ဆန်အများစုသည့် ရေဘေးဒဏ်ခံနေရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ ဖြစ်သည်။

နွားလဝိုးမှ ဆန်ရောင်းဝယ်သူတစ်ဦးက “အခု ဆန်စျေုးတက်သွားတယ်ဆိုတာ ဟုတ်ပါတယ်။ အရောင်းလည်း ကျဲသွားတယ်။ သူများဆိုင်မှာတော့ ရောင်းကျဲ မကျဲတော့ မသိဘူး။ ဒီမှာတေ့ာ နည်းနည်းကျဲလာတယ်”ဟု ပြောသည်။

ဆန်စျေးတက်လာသည့်အတွက် တနိုင်တပိုင် ဆန်ဝယ်စားသုံးနေသည့် နေ့စား အလုပ်သမားများ အခက်အခဲများ ရှိလာသည်။

“တတ်နိုင်တဲ့ သူတွေအတွက်တော့ ဆန်က တစ်ပြည်ကို ၁၀၀၊ ၂၀၀ လောက် တက်တာ ဘာမှ မဟုတ်ပေမယ့် ကျနော်တို့အတွက်ကတော့ အခက်အခဲပိုပြီး ဖြစ်စေတယ်။ ကလေးကျူရှင်ခတွေလည်း အဲကနေ စုပေးရတယ်။ ကျနော်တို့ နေ့စားအလုပ် လုပ်နေရတာလေ။ အလုပ်ပုံမှန်မလုပ်နိုင်ရင်တော့ အခက်အခဲတွေက တရက်ပြီးတရက် ပိလာမှာပဲ”ဟု နေ့စားအလုပ်သမား တစ်ဦးက ပြောသည်။

ပေါ်ဆန်းမွေး ဆန်သည် ယခင်က တစ်အိ်တ် ၄၅,၀၀၀ ကျပ်မှ ယခု ၅၀,၀၀၀ ကျပ်၊ ဆန်ကြမ်း ယခင် တစ်အိတ်လျှင် ၂၂,၀၀၀ မှ ယခု ၂၄၀၀၀ကျပ်နှင့် အရက်ချက် ဆန်ကွဲက ယခင် တစ်အိတ်လျှင် ၁၈,၀၀၀ ယခု ၁၉,၀၀၀- ၂၀,၀၀၀ ကျပ် စျေးပေါက်လျက်ရှိသည်။

ဆန်နှင့် အခြားကုန်စျေးနှုန်းများ မြင့်တက်လာသည့် အတွက် ယခင်နာဂစ်ကာလကဲ့သို့ ကုန်စျေးနှုန်းများ တဟုန်တိုး မြင့်တက်လာနိုင်သည့် အတွက် တချို့ကုန်သည်များက ကုန်များကို ကြိုတင်စုဆောင်းလျက်ရှိသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...