ထိုင်း မွန်မျိုးနွယ်စု စုံညီတွေ့ဆုံပွဲမှ မွန်ကိုယ်စားလှယ် ၅ ဦး ရွေးချယ်

ထိုင်း မွန်မျိုးနွယ်စု စုံညီတွေ့ဆုံပွဲမှ မွန်ကိုယ်စားလှယ် ၅ ဦး ရွေးချယ်
ထိုင်းနိုင်ငံ မွန်မျိုးနွယ်စု စုံညီတွေ့ဆုံပွဲ အခမ်းအနား မြင်ကွင်း။ / IMNA
ထိုင်းနိုင်ငံ မွန်မျိုးနွယ်စု စုံညီတွေ့ဆုံပွဲ အခမ်းအနား မြင်ကွင်း။ / IMNA

ထိုင်းနိုင်ငံ၊ ရာတ်ချ်ဘူရီခရိုင်၊ ဘာန်ပေါင်မြို့နယ်၊ ဝပ်ယိုင်နခွန်ချွန် ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ထိုင်းမွန်မျိုး နွယ်စု စုံညီတွေ့ဆုံပွဲတွင် မွန်တိုင်းရင်းသား ကိုယ်စားပြု ကိုယ်စားလှယ် ၅ ဦးကို သဘောတူ ရွေးချယ်အတည်ပြု ခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများဆိုင်ရာ ဥပဒေ ရေးဆွဲရေးနှင့် အခြား တိုင်းရင်းသားမျိုးနွယ်များ ကြား လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု ကိစ္စရပ်များ အတူတကွ လက်တွဲဆောင်ရွက်နိုင်ရန် မွန်မျိုးနွယ်စုများအတွက် ကိုယ်စားလှယ် လိုအပ်လာခြင်းဖြစ်သည်။

ထို့ကြောင့် နွန်ထဗူရီခရိုင်၊ ဘန်ကောက်၊ ရာတ်ချ်ဘူရီ၊ ဖက်ချ်ဘူရီနှင့် ကန်ချနဘူရီ ခရိုင်တို့မှ ထိုင်းမွန်တိုင်းရင်း သားများအတွက် ကိုယ်စားပြုသူ ၅ ဦးကို စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သည့် စုံညီတွေ့ဆုံပွဲတွင် တက် ရောက်လာသူများက သဘောတူ ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

ရွေးချယ်ထားသည့် ကိုယ်စားလှယ်များ၏ တာဝန်ထမ်းဆောင်နိုင်မှုနှင့် ထိုင်းနိုင်ငံရှိ မွန်မျိုးနွယ်စုများ၏ သဘော ထားကိုလည်း မေးမြန်းအတည်ပြုခဲ့ကြောင်း ဘန်ကောက်မွန်ကလပ် ဥက္ကဋ္ဌ နိုင်တိုင်းပကောင်းက IMNA သို့ ပြောသည်။

“ပြီးခဲ့တဲ့လက လုပ်တဲ့အစည်းအဝေးက ကိုယ်စားလှယ် ၅ ယောက်၊ အရံ ကိုယ်စားလှယ် အနေနဲ့ ၅ ယောက် လျာထားတာပေါ့၊ နောက်ပြီး တိုင်းရင်းသားကိုယ်စားလှယ် အနေနဲ့ ရွေးချယ်တာကို အကြမ်းဖျင်းအနေနဲ့ ရွေး ချယ်ပြီးပြီး။ ပေးထားတဲ့တာဝန်ကို လုပ်ဆောင်နိုင် လုပ်ဆောင်မနိုင်၊ ဒီလူတွေက ကိုယ်စားလှယ်ဖြစ်သင့်ရဲ့လား။ ဒီထိုင်းမှာရှိတဲ့ မွန်တွေအားလုံးကို သွားရောက်ကူညီနိုင်လား။ ဒီထိုင်းကမွန်တွေရဲ့ သဘောတူမတူကအစ မေးမြန်းတာမျိုး တွေပေါ့နော်” ဟု ၎င်းက ပြောသည်။

ယခုတွေ့ဆုံပွဲသို့ ထိုင်းနိုင်ငံရှိ မြို့နယ် ၃၂ မြို့နယ်မှ မွန်လူမျိုးများ တက်ရောက်ရန် မျှော်လင့်ထားသော်လည်း သွားလာရေး အခက်အခဲကြောင့် မြို့နယ် ၂၀ မှ ကိုယ်စားလှယ်များသာ တက်ရောက်နိုင်ခဲ့ကြသည်။

ထိုင်းအစိုးရ အသိအမှတ်ပြုထားသည့် ၂၀၂၅ ခုနှစ် ဥပဒေအရ တိုင်းရင်းသားမျိုးနွယ်စု ကွန်ယက် ၆၀ ရှိပြီး လူနေမှုဘဝ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဥပဒေအရ မှတ်ပုံတင်နိုင်ရေး ကြေညာထားသည့်အပေါ် ထိုင်းနိုင်ငံရှိ မွန်တိုင်းရင်းသားများအနေဖြင့် လိုအပ်သည့် အချက်အလက်များ စုစည်းပြင်ဆင်နိုင်ရန်၊ ကိုယ်စား လှယ် ရွေးချယ်ရေး အပါအဝင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးရန် ယခု အစည်း အဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲ ညနေပိုင်းတွင် မတ်လအတွင်း ကျရောက်မည့် (၈၀) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်း အနားကို ဝပ်ယိုင်နခွန်ချွန် ဘုန်းကြီးကျောင်း၌ ကျင်းပသွားမည့် အစီအစဉ်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြ သည်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ ရထားလမ်းကူးတစ်ခုကို တွေ့ရစဉ်။ / Crd
September 21, 2026
မွန်ပြည် မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတစ်လျှောက်ရှိ တရားမဝင် ရထားလမ်းကူးများကို...
မွန်ပြည်အတွင်းရှိ နေလှန်းဆားကွင်းတစ်ခု၌ ဆားရိတ်သိမ်းနေသည်ကို တွေ့ရစဉ်။ / Crd - ပုံဟောင်း
September 21, 2026
မွန်ပြည်၌ နေလှန်းဆားကြမ်း ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်းကျင်သာ ရှိတော့သဖြင့် ကြိုတင်ဝယ်ယူ...
ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...