လွိုင်ကော်မြို့တွင်း စစ်တပ်၏ စစ်ဆေးတင်းကျပ်မှုများ ပြန်လည်လုပ်ဆောင်

လွိုင်ကော်မြို့တွင်း စစ်တပ်၏ စစ်ဆေးတင်းကျပ်မှုများ ပြန်လည်လုပ်ဆောင်

စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ် များ၊ ဖုန်းများနှင့် ဆိုင်ကယ် တူးလ်ဘောက်စ် (Tool Box) များကို စစ်တပ်က စစ်ဆေးမှုမများ လုပ်ဆောင်နေ သည်ဟု မြို့ခံများက ပြောသည်။

လွိုင်ကော်မြို့တွင်း၌ ဇူလိုင်လ ၂၆ ရက်နေ့မှစတင်ကာ စစ်ဆေးတင်းကျပ်မှုများ ပြန်လည်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု မြို့ခံများက အတည်ပြု ပြောဆိုသည်။

အဆိုပါ စစ်ဆေးမှုများကို ဒေါနိုးကူးတံတားဘက်နှင့် သီရိမင်္ဂလာ (တောင်ဈေး) အနီးတစ်ဝိုက်တို့တွင် အဓိက ထား လုပ်ဆောင်နေခြင်း ဖြစ်သည်။

လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက “၃ ရက်လောက်ရှိပြီ စစ်နေတာ။ ကျွဲဂိမ်း (လောင်းကစားဂိမ်း) တွေကို တွေ့လည်း ဖမ်းတယ်။ ဒဏ်ငွေဆောင်ခိုင်းတယ်။ PDF နဲ့ ဆက်သွယ်ထားရင်လည်း မရဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လအစောပိုင်းကလည်း မြို့တွင်း၌ စစ်တပ်နှင့် ရဲပူးပေါင်းအဖွဲ့က ယခုကဲ့သို့ စစ်ဆေးမှုများ လုပ် ဆောင်ခဲ့ကာ မသင်္ကာသူအချို့ကို ဖမ်းဆီးစစ်ဆေးခြင်းနှင့် ဒဏ်ငွေဆောင်ခိုင်းခြင်းများ ရှိခဲ့ကြောင်း မြို့ခံများက ဆိုသည်။

သို့သော် ယခုတစ်ခေါက်တွင်မူ ရဲတပ်ဖွဲ့ဝင်များ မပါဝင်တော့ဘဲ စစ်အုပ်စု လက်အောက်ခံ စစ်သားများကသာ သွားလာနေသည့် ပြည်သူများကို တစ်ဦးချင်း စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက “စစ်တာသိတော့ အပြင်သွားရင် ဖုန်းကို မယူသွားချင်ဘူး။ ဟိုထဲလျှောက် ကြည့်၊ ဒီထဲလျှောက်ကြည့်နဲ့ စိတ်ညစ်လို့” ဟု ပြောသည်။

မြို့တွင်းသွားလာရာတွင် ဖုန်းများကို မကြာခဏ တောင်းခံစစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် လုံခြုံမှုမရှိသလို အမြဲစိုးရိမ်ပူပန်လျက် သွားလာနေကြရကြောင်း မြို့ခံများက ထပ်လောင်းပြောဆိုကြသည်။

လွိုင်ကော်မြို့တွင်း၌ စစ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်း များကိုလည်း ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် နေရပ်စွန့်ခွာတိမ်းရှောင်သွားကြသည့် စစ်ဘေးရှောင်များကို ပြန်လာကြရန် တိုက်တွန်းနေပြီး ပြန်လာ ကြသူများကိုလည်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်စစ်ဆေးကာ စာရင်းပေးသွင်းခိုင်းပြီးမှသာ ပြန်လည်နေ ထိုင်ခွင့် ပြုနေကြောင်း မြို့ခံများက ပြောသည်။

July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...
July 24, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ...