မောင်တောမြို့နယ်တွင် ARSA နှင့် AA တို့ အနည်းဆုံး နေရာ ၂ ခု၌ တိုက်ပွဲဖြစ်ပွား

မောင်တောမြို့နယ်တွင် ARSA နှင့် AA တို့ အနည်းဆုံး နေရာ ၂ ခု၌ တိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေးကြွ အာဆာ (ARSA) အဖွဲ့နှင့် အာရက္ခ တပ်တော် (AA) တို့ အနည်းဆုံး နေရာ ၂ ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ခိုင်လုံသည့် စစ်ရေးအရင်းအမြစ်ထံမှ စုံစမ်းရရှိသည်။

အာဆာအဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ မောင်တောမြို့နယ်၊ ဂြင်းတောကျေးရွာအနီး ဝန်းကျင်သို့လည်းကောင်း၊ ဇူလိုင်လ ၁ ရက်နေ့က မောင်တောမြောက်ပိုင်း တောင်ပြို မီးတိုက်ကျေူရွာအနီး ဝန်းကျင်သို့လည်းကောင်း ထိုးဖောက်ဝင်ရောက်လာသဖြင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အာဆာအဖွဲ့ဝင် အလောင်းအချို့နှင့် စကားပြောစက်များ အပါအဝင် ရိက္ခာပစ္စည်းများ ကို သိမ်းဆည်းရမိခဲ့ကြောင်း မောင်တောဒေသခံ စစ်ရေးအရင်းအမြစ်တစ်ခုက နိရဉ္စရာသို့ ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့ နံနက်အစောပိုင်းကလည်း စစ်သွေးကြွအာဆာအဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ ရွက်နု ကျေးရွာအနီးရှိ ဂြင်းတောချောင်းဝ နယ်စပ်မှတစ်ဆင့် ခိုးဝင်ရန် ကြိုးစားလာသဖြင့် AA နှင့် တိုက်ပွဲထပ်မံ ဖြစ် ပွားခဲ့သည်။

ဇွန်လနောက်ဆုံးပတ်မှစ၍ ဇူလိုင်လဆန်းပိုင်းအထိ မောင်တောမြို့နယ်အတွင်းသို့ ARSA အဖွဲ့ဝင်များ ခပ်စိပ်စိပ် ထိုးဖောက်ဝင်ရောက်မှုများ ရှိနေသည်။

ဒေသခံတစ်ဦးက “အကြမ်းဖက် အာဆာလက်နက်ကိုင်တွေက မောင်တောမြို့နယ်ထဲကရွာတွေကိုခိုးဝင်တယ်။ နည်းအမျိုးမျိုးနဲ့ကြိုးစားနေကြတာတွေကိုလည်း တွေ့ရတယ်။ အဲ့ဒါကိုသတင်းရလို့ AA က ရှင်းလင်းရေး လုပ်လို့ ပစ်ခတ်မှုတွေရှိတယ်။ အထိအခိုက်တွေလည်းရှိတယ်” ဟု ပြောသည်။

ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အတွင်း AA က ကင်းပုန်းဝပ်၍ ပစ်ခတ်ရာမှ အာဆာအဖွဲ့ဝင် အလောင်း နှင့် လက်နက်ခဲယမ်းများကို AA က သိမ်းဆည်းရမိခဲ့သည်။

အဆိုပါတိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း မြန်မာစစ်တပ်က ဇူလိုင်လ ၁ ရက်နှင့် ဇူလိုင် ၂ ရက်နေ့များ၌ မောင် တောမြို့နယ်အတွင်းရှိ နေရာအများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ အာဆာအဖွဲ့နှင့် အချိန်ကိုက် ညှိနှိုင်းတိုက်ခိုက်ခြင်း ဖြစ်နိုင် ကြောင်း ရခိုင်စစ်ရေးလေ့လာသုံးသပ်သူ တစ်ဦးက နိရဉ္စရာသို့ သုံးသပ်ပြောဆိုသည်။

မြန်မာစစ်တပ်သည် ဇူလိုင်လ ၂ ရက်နေ့၊ ညနေ ၃ နာရီကျော်တွင် မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာ အနီးသို့ ဂျက်ဖိုက်တာစစ်လေယာဉ်များဖြင့် အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အလားတူ ဇူလိုင် ၁ ရက်နေ့၊ ည ၁၀ နာရီခန့်ကလည်း မြန်မာလေတပ်က ဂျက်ဖိုက်တာများဖြင့် မောင်တော မြို့နယ်ရှိ ယခင်အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...