ရခိုင်က လယ်ယာမြေများကို ခွင့်ပြုချက် မရှိဘဲ မရောင်းရန် ULA တားမြစ်

ရခိုင်က လယ်ယာမြေများကို ခွင့်ပြုချက် မရှိဘဲ မရောင်းရန် ULA တားမြစ်
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG

ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ ရောင်းမချကြရန် ULA က ဇွန် ၂၉ ရက်တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် မည်သူကမျှ လယ်ယာမြေကို သက်ဆိုင်ရာခွင့်ပြုချက်မရှိဘဲ လူနေအိမ်ခြံမြေ၊ စီပွားရေးလုပ်ငန်းဆိုင်ရာမြေကွက် သို့မဟုတ် အခြားနည်းအသုံးပြုရန်အတွက် အကွက်ရိုက်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အငှားချခြင်း မပြုရကြောင်း ပါရှိသည်။

မြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ မြေယာစီမံခန့်ခွဲ့မှုဆိုင်ရာအမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လယ်ယာမြေများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အတွက်ပြုလုပ်ခြင်းဖြစ်ကြောင်း ဆိုထားသည်။

“ ဒါက သိပ်တော့ မဆန်းဘူး။ မြန်မာနိုင်ငံမှာ ရှိပြီးသားလယ်ယာမြေဥပဒေကို ထပ်ပြီးအတည်ပြု ချပြလာတာလို့ မြင်တယ်။ ဒါပေမဲ့ ဒီဥပဒေဟာ ရခိုင်တောင်သူတွေအတွက် တင်းကျပ်တာလား၊ အခွင့်အလမ်း ဖန်တီးပေးတာလားဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာဖြစ်တယ် ” ဟု ကျောက်တော်မြို့နယ်မှ တောင်သူအမျိုးသားတစ်ဦးက ပြောသည်။

ULA က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းသည် ယခင်ကမြန်မာနိုင်ငံတွင် ရှိပြီးသား လယ်ယာမြေဥပဒေကို ထပ်လောင်း အတည်ပြုခြင်းဖြစ်နိုင်ပြီး ဒေသခံတောင်သူများအတွက် မည်သို့သက်‌ရောက်လာမည်ကို စောင့်ကြည်ရန်သာ ရှိကြောင်းလည်း တောင်သူအသိုင်းအဝိုင်းက ဆိုသည်။

ထို့အတူ ULA ထုတ်ပြန်ချက်၌ လယ်ယာမြေများအပေါ်တွင် သက်ဆိုင်ရာခွင့်ပြုချက်မရှိဘဲ မြေဖို့ခြင်း၊ လမ်းဖောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်း သို့မဟုတ် မြေအသုံးပြုမှု ပြောင်းလဲ စေသည့် လုပ်ငန်းများ မလုပ်ရဟု ဆိုထားသည်။

ယင်းအပြင် မီဒီယာများ၊ လူထုဆက်သွယ်ရေးနည်းလမ်းများနှင့် အခြားမည်သည့် နည်းလမ်းများဖြင့်မဆို လယ်ယာမြေများကို ဥပဒေနှင့်မညီဘဲ ရောင်းချရန်၊ ဝယ်ယူရန်၊ ရင်းနှီးမြုပ်နှံရန် ကြော်ငြာခြင်း မပြုရကြောင်းလည်း ပါဝင်သည်။

“ အခုက လယ်မြေအရောင်းအဝယ်လုပ်ရင် အခွန်ဆောင်ရတယ်လို့ ကြားတယ်။ ဒီဥပဒေကတော့ အစိုးရက မြေကို ပိုင်တယ်ဆိုပြီးလုပ်တာ သူတို့ လိုအပ်ရင်သိမ်းဖို့၊ လုပ်ဖို့။ ဒေသခံတွေအတွက် ကိုယ့်မြေ၊ ကိုယ့်လယ်လို့ အာမခံချက် မရှိတော့ဘူးပေါ့။ လတ်တ‌လော ဝယ်ယူထားတဲ့ မြေဝယ်ထားတဲ့ သူတွေအတွက်လည်း စိုးရိမ်စရာ တစ်ခုဖြစ်တယ် ” ဟု နောက်ထပ် ရခိုင်ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိထုတ်ပြန်သည့် ဥပ‌ဒေသည် အစိုးရကသာ မြေကိုပိုင်ဆိုင်ပြီး အစိုးရလိုအပ်လျှင်အချိန်မရွေး သိမ်းနိုင်သည့် ဥပဒေမျိုးဖြစ်ပြီး လယ်သမားများနှင့် လယ်ယာမြေပိုင်ဆိုင်သူများအတွက် အာမခံချက်မရှိနိုင်မှာကိုလည်း စိုးရိမ်နေကြသည်။

အဆိုပါ အမိန့်ကို ဖောက်ဖျက်ကျူးလွန်သူများအား မြေယာဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်များအရ အရေးယူသွားမည်ဖြစ်ပြီး ဥပဒေမဲ့ လုပ်ဆောင်သည့် လုပ်ငန်များကို ဖျက်သိမ်းခြင်း၊ ရပ်ဆိုင်းစေခြင်းနှင့် တရားစွဲဆိုခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...