ကျောက်တော် ဗုံးကြဲခံရမှု ကလေးအပါဝင် ၁၀ ကျော် သေဆုံး

ကျောက်တော် ဗုံးကြဲခံရမှု ကလေးအပါဝင် ၁၀ ကျော် သေဆုံး
ကျောက်တော်ကို အာဏာသိမ်းစစ်တပ်မှ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေသည့် မိသားစုဝင်အချို့။
ကျောက်တော်ကို အာဏာသိမ်းစစ်တပ်မှ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေသည့် မိသားစုဝင်အချို့။

ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် အနီးတဝိုက်ကို မနေ့၊ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲခဲ့မှုကြောင့် ကလေးအပါဝင် အရပ်သား ၁၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း ကနဦး သိရသည်။

လတ်တလော ရရှိထားသည့် စာရင်းများအရ ဗုံးကြဲခံရမှုကြောင့် ကျောက်တော်မြို့မှ ၅ ဦး သေဆုံးပြီး လမ်းမတော်ရွာမှ ၇‌ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူများထဲတွင် ကလေးသူငယ်များ၊ အမျိုးသမီးများလည်း ပါဝင်ပြီး လက်ရှိ လမ်းမတော်ဈေးတွင် လူတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာများမှာ ကျောက်တော်မြို့ ရွာမရပ်ကွက် ကတ လမ်း ၂၊ ကတ လမ်း ၂ နှင့် ၃ လမ်းကြား၊ ကစ္ဆပနဒီတံတားအောက်နှင့်၊ ကမ်းနားလမ်း၊ မြို့တစ်ဖက်ကမ်း ကျောက်တော်တောင်ခြေရင်းရှိ လမ်းမတော် စသည့်နေရာ ၆ ခုထက်မနည်းကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

အသေးစိတ်ကို DMG က စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်သည်။

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...