လေကြောင်း ဗုံးကြဲမှုကြောင့် ရမ်းဗြဲရောက် ကျောက်ဖြူစစ်ရှောင်များ ထပ်မံထွက်ပြေးရ

လေကြောင်း ဗုံးကြဲမှုကြောင့် ရမ်းဗြဲရောက် ကျောက်ဖြူစစ်ရှောင်များ ထပ်မံထွက်ပြေးရ
ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။
ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်တန်း အနီးတစ်ဝိုက်တွင် နေထိုင်နေကြသော ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်များမှာ စစ်အုပ်စု၏ လေကြောင်း ဗုံးကြဲမှုကြောင့် စိုးရိမ်ကြောက်လန့်ကာ အခြားနေရာများသို့ ထပ်မံ ရွှေ့ပြောင်းနေကြကြောင်း သိရသည်။

ပိန္နဲတောင်အနီးတစ်ဝိုက်ကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် မေလ ၂၈ ရက်တို့တွင် ဗုံးကြဲခဲ့ပြီး ထို တိုက်ခိုက်မှုအတွင်း ဒေသခံနှင့် စစ်ဘေးရှောင်အပါအဝင် ၁၂ ဦးထက်မနည်း သေဆုံးဒဏ်ရာရှိခဲ့သည်။

ယင်းဗုံးကြဲမှုအပြီး လေယာဉ်နှင့် ဒရုန်းများ မကြာခဏ ဝဲပျံမှုများ ရှိနေသဖြင့် စစ်ဘေးရှောင်များမှာ မလုံခြုံတော့၍ အခြားနေရာသို့ ထွက်ပြေးကြခြင်းဖြစ်သည်။

“တပ်ဘက် (AA) က ပြောင်းရွှေ့ပေးတာ ရှိတယ်။ တချို့က ကိုယ့်ပိုက်ဆံနဲ့ ပြောင်းရွှေ့ နေကြတာတွေလည်း ရှိတယ်။ မနေ့ကဆိုရင် တစ်နေကုန် ပြောင်းနေကြတာ။ သူတို့ကို ရမ်းဗြဲနဲ့ အနီးအနားက ကျေးရွာတွေက‌ ထမင်းထုပ်တွေ အလှူခံပြီး ကျွေးရတယ်” ဟု ရမ်းဗြဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပိန္နဲတောင်အနီးအဝိုက်တွင် ကျောက်ဖြူမြို့နယ်၊ ရေနံတောင်၊ မင်းပြင်၊ ကျောက်ပြောက်၊ ဇိုင်ချောင်း၊ သိုင်းချောင်း၊ ချောင်းမြောင်နှင့် မော်ကြီး၊ ကြောင်တင်၊ ဆင်ဘုတ် ကြတ္တိန်အပြင် ငလုံးစု စသည့်ကျေး ရွာပေါင်း ၃၀ ကျော်က ဒေသခံ ထောင်နှင့်ချီ နေထိုင်နေခြင်းလည်းဖြစ်သည်။

စစ်အုပ်စုက တိုက်ခိုက်ဧရိယာနှင့် မသက်ဆိုင်သည့် စစ်ဘေးရှောင်များ နေထိုင်ရာမှန်းသိလျက် လေကြောင်းတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကို ပြောင်းပြောင်းတင်းတင်း ကျူးလွန်နေသည်ဟု ပြောဆိုကြသည်။

“တကယ်တမ်းဆိုရင် တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ ဘာမှ မဆိုင်ဘူး။ ဒီနေရာမှာ စစ်ဘေးရှောင်တွေ နေထိုင်နေကြတယ်ဆိုတာကိုလည်း ကင်းထောက်နေတဲ့ လေယာဉ်တွေနဲ့ ဒရုန်းတွေ မသိစရာ မရှိဘူး။ စစ်ဘေးရှောင် နေရာမှန်း သိရဲ့သားနဲ့ တမင်တကာ ပစ်ခတ်တာ” ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ တောင်မော်ကြီးရေတပ်စခန်း အနီးတိုက်ပွဲတွင် စစ်တပ်နှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ အကျအဆုံးများကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ပိန္နဲတောင်သည် ယခုတိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့် အဖြောင့် ၆ မိုင်ဝန်းကျင်အထိ ဝေးပြီး စစ်တပ်က စစ်ရေးအရရှုံးနိမ့်နေသဖြင့် အရပ်သားများ နေထိုင်ရာများကို စစ်ရေးပစ်မှတ်အဖြစ် လုပ်နေကြောင်း ဒေသခံများက ဆိုကြသည်။

“ကျောက်ဖြူက စစ်ဘေးရှောင်တွေဟာ ဟိုကနေ ဒီကိုပြောင်း၊ အဲဒီကနေ မလုံခြုံပြန်တော့ နောက်ထပ် တစ်နေရာကို ထပ်ပြောင်းနဲ့ တချို့ဆိုရင် လေးငါးကြိမ်လောက်ထိ ရှိသွားပြီ။ ဒီလိုမျိုး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်တပ်ကို နိုင်ငံတကာအနေနဲ့ ရတဲ့နည်းနဲ့ အရေးယူပေးကြပါ” ဟု လူမှုကူညီရေးလုပ်နေသူ ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ကျောက်ဖြူတိုက်ပွဲမှာ နေ့စဉ်ဆိုသလို ပြင်းထန်နေပြီး စစ်တပ်က မြေပြင်တွင် မထိုးဖောက်နိုင်သဖြင့် လေကြောင်း၊ ရေကြောင်းကို အသုံးပြုကာ တိုက်ခိုက်မှုများကို တိုးမြှင့်နေသည်။

ထိုသို့ တိုက်ခိုက်မှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး ကျောက်ဖြူပွဲတိုက်ပွဲ တစ်နှစ်ကျော်အတွင်း သေဆုံး၊ ဒဏ်ရာရရှိသူ ၁၇၀ ထက်မနည်းရှိနေသည်။

ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG
June 23, 2026
ရခိုင်ပြည် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး၊...
June 22, 2026
ရခိုင်ပြည်တွင် မြို့၊ရွာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်နေ၍ အရပ်သားသေဆုံး...
အပေါက်ဝကျေးရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
June 20, 2026
မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်၍ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေပြင်းထန်စွာ စီးဆင်းခြင်း၊...