ကလေးတက္ကသိုလ်ကို မူလနေရာမှာ ပြန်ဖွင့်လှစ်တော့မယ်လို့ သိရ

ကလေးတက္ကသိုလ်ကို မူလနေရာမှာ ပြန်ဖွင့်လှစ်တော့မယ်လို့ သိရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှာ ယာယီဖွင့်လှစ်ထားရတဲ့ ကလေးတက္ကသိုလ်ကို မူလနေရာမှာ အမြန်ဆုံးဖွင့်လှစ်နိုင်ဖို့ စစ်ကောင်စီဘက်က စီစဉ်ဆောင်ရွက်နေတယ်လို့ ကလေးမြို့ဒေသခံတွေကပြောပါတယ်။

ဒေသတွင်းလုံခြုံရေးတွေကြောင့် ကလေးတက္ကသိုလ်ကို ၂၀၂၄ ခုနှစ် ဇွန်လ ကစလို့ ကလေးမြို့တွင်းရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှာ ယာယီဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကလေးတက္ကသိုလ်ကို အဆိုပါ ကျောင်းနေရာမှာ ယာယီအားဖြင့် ဖွင့်လှစ်ထားပြီး ကလေးခရိုင်နဲ့ ဆက်စပ်လျက်ရှိတဲ့ ဒေသတွေ၏ ပညာရေးအခြေအနေ စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီဘက်က ဆိုထားပါတယ်။

ကလေးမြို့နေဒေသခံတစ်ဦးက “ ကလေးတက္ကသိုလ်ကို မူလ နေရာမှာ ပြန်ဖွင့်မယ်လို့တော့ ကြားနေတယ်။ သေချာအတိအကျတော့ မသိဘူး။ TU ပါ ပြန်ဖွင့်မယ်လို့ ကြားနေတာကတော့ ကြာပြီ။ သေချာစုံစမ်းကြည့်ရအုံးမယ် ” လို့ပြောပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းဖြစ်ပွားတဲ့ ဒေသတွင်း တိုက်ပွဲပဋိပက္ခတွေကြောင့် ကလေးမြို့ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် ကျောင်းဝန်းတွေမှာ စစ်ကောင်စီက စခန်းချနေထိုင်ခဲ့တာဖြစ်ပြီး ၊ ကလေးတက္ကသိုလ်ကျောင်းကိုတော့ အစောပိုင်းနှစ်တွေမှာ မူလကျောင်းဝန်းတွေထဲမှာ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့တာလည်းဖြစ်ပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...