လောင်းလုံးမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ထောင်ချီ အသက်လုထွက်ပြေးနေရ

လောင်းလုံးမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ထောင်ချီ အသက်လုထွက်ပြေးနေရ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ရုတ်တရက် ဝင်ရောက်လာမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ထောင်ချီ အသက်လုထွက်ပြေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၂၂ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ လောင်းလုံးမြို့ပေါ်ကနေတဆင့် ညှင်းမော်ကျေးရွာထဲကို ရုတ်တရက်စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ညှင်းမော်ကျေးရွာကနေ စပ်ပြဲကျေးရွာကို စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နဲ့ အချိန် တစ်နာရီလောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ ညှင်းမော်ကျေးရွာထဲ ဝင်ရောက်လာစဉ် လမ်းမှာတွေ့သမျှ ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် ကျေးရွာဘုန်ကြီးကျောင်းမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် စပ်ပြဲတိုက်ပွဲကြောင့် စစ်ကူသွားရောက်ခဲ့ရတဲ့အတွက် ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ စပ်ပြဲကျေးရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ဆက်လက်တပ်စွဲထားပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲကြောင့် စပ်ပြဲ၊ ညှင်းမော်၊ ရင်းဘုတ်နဲ့လေးသွန်းခံကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာကို အသက်လုတိမ်းရှောင်နေရပါတယ်။

Most read this week

ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...
September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...