မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်ရှမ်းများကို ဆန်အိတ်များထောက်ပံ့

မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်ရှမ်းများကို ဆန်အိတ်များထောက်ပံ့

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ပေါ်တွင်  ယာယီစစ်ဘေးတိမ်းရှောင်နေသော ရှမ်းလူမျိုးများအားကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ အဖွဲ့က          ဆန်အိတ်များ ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ဘေးရှောင်တာဝန်ခံတစ်ဦးထံမှ သိရပါတယ်။

မေ ( ၁၀  ) ရက်နေ့ ကမြစ်ကြီးနားမြို့၊  ရန်ကြီးအောင်ရပ်ကွက် အံတော်ရှင်ဘုရားဝင်းအတွင်း နေထိုင်နေတဲ့  ဗန်းမော်၊ မံစီ၊ မိုးမောက်  စတဲ့ဗန်းမော်ခရိုင်က စစ်ဘေးရှောင်ဒေသခံများကို သွားရောက်ထောက်ပံ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ လာပေးတယ် လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါတယ်။ အိမ်ထောင်စုတစ်စုကို ငွေသားနဲ့ ဆန်နဲ့ ရတာပေါ့။ ဒီမှာက ဗန်းမော်ခရိုင်ကပဲဆိုတော့ ( ၁၄၇ ) အိမ်ထောင်ကိုဝေလိုက်တယ်။ ပြီးတော့ မှတ်ပုံတင်လည်းလုပ်ပေးမယ်ပြောတယ် ။ စာရင်းပဲကောက်ခိုင်းထားသေးတယ်။ ခုထိတော့ မရသေးဘူး” လို့ သူက ဆိုပါတယ်။ 

ဆန်အိတ်ပေါင်း ( ၁၀၀  ) ကျော်ကို ထောက်ပံ့ခဲ့ပြီး အိမ်ထောင်စု (၁၄၇) အိမ်ကို အိမ်ထောင်စုတစ်စုကို ငွေသား( ၃ ) သောင်းစီနဲ့ ဆန် (၁၅) ပြည်ခွဲဝေရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)မရရှိသေးသူများနဲ့ UID ကတ် မပြုလုပ်ရသေးသူများကို ပြုလုပ်ပေးသွားမည်ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ နာမည်စာရင်းများ ပြုစုထားရန် ပြောဆိုခဲ့တယ်လို့သိရပါတယ်။

ဗန်းမော်မြို့ကို  ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကနေ  (KIA+PDF)ပူးပေါင်းတပ်က အဆိုပါ မြို့ရှိ တပ်စခန်းတွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကာလ နှစ်နှစ်နီးပါးကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...