ရှမ်း(၅)မျိုးကို ကိုယ်စားပြုတဲ့ သျှမ်းမျိုးနွယ်စုရေးရာ(SEA)ကို ပြန်လည်ဖွဲ့စည်း

ရှမ်း(၅)မျိုးကို ကိုယ်စားပြုတဲ့ သျှမ်းမျိုးနွယ်စုရေးရာ(SEA)ကို ပြန်လည်ဖွဲ့စည်း

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့မှာ ရှမ်း(၅)မျိုးကို ကိုယ်စားပြုတဲ့ သျှမ်းမျိုးနွယ်စုရေးရာ(SEA) အဖွဲ့ကို ဥက္ကဋ္ဌအသစ်နဲ့ မေလ(၁၀)ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ အဖွဲ့ဝင်များထံမှ သိရပါတယ်။

ဒီအဖွဲ့မှာ အဖွဲ့ဝင်(၃၈)ဦးပါဝင်ပြီး တိုင်းလုံ၊တိုင်းဆာ၊တိုင်းခန္တီး၊တိုင်းလေနဲ့ တိုင်းလျန် စတဲ့ရှမ်း(၅)မျိုးက နာယက(၅)ဦး၊ ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးတို့ ပါဝင်တဲ့ ဦးဆောင်ကော်မတီ(၉)ဦး အပါအဝင် ကျန်အဖွဲ့ဝင်များပါရှိတယ်လို့ သိရပါတယ်။ 

"အဖွဲ့ဝင်တွေက ဒေသအသီးသီးကပါဝင်တယ် မိုးညှင်း၊မိုးကောင်း၊နန့်ခွင်၊ဆားမှော်၊ အေ့တစ်ကြောလုံးပါတယ် နောက်ပြီး ဝိုင်းမော်၊မြစ်ကြီးနား ပါတယ် ဗန်းမော်ဘက်တော့ စစ်ရှောင်နေရတဲ့သူတွေများတယ် ပြန့်ကျဲနေတာဆိုတော့ နောက်ပိုင်းမှပြန်ထည့်မယ်လို့ စီစဉ်ထားတယ်"လို့ (SEA) ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးမျိုးဆွေက ရှမ်းနီအသံကို ပြောပြပါတယ်။

ဥက္ကဋ္ဌအသစ်အဖြစ် ရှမ်းနီတိုင်ရင်းသား ဦးခင်မောင်အေးနဲ့ အတွင်းရေးမှူးအဖြစ် ဦးမျိုးဆွေတို့က ခန့်အပ်ခြင်းခံခဲ့ရပြီး  အရင်အဖွဲ့ဝင်အဟောင်း (၄)ဦးလည်း ယခုနှစ်မှာ ပြန်လည်ပါဝင်ထားတယ်လို့ ဆိုပါတယ်။

အဖွဲ့ရဲ့ရည်ရွယ်ချက်က ရှမ်းတိုင်းရင်းသားတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ ၊ဖိနှိပ်ခံနေရမှုများကို ကာကွယ်ပေးခြင်းနဲ့ ဖော်ပြပေးခြင်းတို့ကို လုပ်ဆောင်ပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

"အဖွဲ့ကအဓိက လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို  ဇောင်းပေးလုပ်တယ် အဖွဲ့အနေနဲ့အများကြီးလုပ်ပေးခဲ့ပြီးတာတွေလည်းရှိပါတယ် ရှမ်းလူထုတွေအပေါ်  KIA ရဲ့ဆက်ကြေးကောက်တာ၊စုဆောင်းရေးဆွဲတာ ၊ရှမ်းလူထု လယ်ယာမြေတွေမှာမိုင်းထောင်တဲ့ကိစ္စတွေ ပြောပေးခဲ့ပါတယ် အဓိကလုပ်ပေးခဲ့တာတော့ ဖမ်းဆီးခံရမှုကိစ္စကပိုများပါတယ်။ တစ်ခြားရှမ်းအရေးအရာနဲ့ဆိုင်တဲ့ကိစ္စတွေလည်းအများကြီးလုပ်တယ်"လို့ သူကဆိုပါတယ်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကို (၂၀၁၃)ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်များအတွင်း ဌာနဆိုင်ရာဝန်ထမ်းများနဲ့ ဒေသခံများပါဝင်ကာ ဒေသအတွင်းက နယ်မြေမငြိမ်မသက်မှုတွေကြောင့် (၂၀၂၂)ကနေ (၂၀၂၆) ခုနှစ်အထိ အဖွဲ့လှုပ်ရှားမှုယာယီရပ်တန့်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ယခုရပ်တန့်ထားတဲ့ လှုပ်ရှားမှုတွေကို ပြန်လည်အသက်ဝင်လုပ်ဆောင်နိုင်ဖို့ အဖွဲ့ဝင်အသစ်တွေခန့်အပ်တာဖြစ်သလို ဆက်လက်ပြီး နှစ်နှစ်တစ်ကြိမ် ဥက္ကဋ္ဌရွေးချယ်တင်မြှောက်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...