ကတူးတိုင်းရင်းသားများ လူမျိုးသုဉ်းပျောက်ကွယ်လာ

ကတူးတိုင်းရင်းသားများ လူမျိုးသုဉ်းပျောက်ကွယ်လာ
ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit
ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit

ကတူးတိုင်းရင်းသားမျိုးနွယ်စုများသည် လူမျိုးသုဉ်းပျောက်ကွယ်လာနေသည့် ကြီးမားသော စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး လူနည်းစုတိုင်းရင်းသားအဖြစ်သာ လက်ရှိကျန်ရှိနေကြောင်း ကတူးလူငယ်အဖွဲ့ချုပ်က ထုတ်ပြန်ပြောဆိုလာပါတယ်။ 

ဧပြီလ ၂၂ ရက်နေ့ဟာ ကတူးအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာတာ ၁၇ နှစ်တာရှိခဲ့ပြီဖြစ်ပါတယ်။ 

၁၇ ကြိမ်မြောက် ကတူးအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကတူးလူငယ်အဖွဲ့ချုပ်က ထုတ်ပြန်ရာမှာလည်း လူမျိုး၊ ဘာသာစကား ၊ ရေမြေတောတောင် မပျက်စီးမပျောက်ကွယ်သွားအောင် လက်ဆင့်ကမ်းထိန်းသိမ်းကြရမယ်လို့ဆိုပါတယ်။ 

ဒီနေ့မှာလည်း ဗန်းမောက်မြို့နယ် အနောက်ခြမ်းက ရှမ်းနီအမျိုးသားများတပ်မတော် SNA ၊ တပ်မဟာ ၆၁၄ မှာလည်း ထိန်းချုပ်နယ်မြေအတွင်းမှာလည်း ကတူးတိုင်းရင်းသားပွဲတော်ကို ကျင်းပနေတာလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့နယ်၊မံအင်မင်းကုန်းအုပ်စု၊အရှေးကုန်းရွာရိုးရာကွင်းမှာ  တတိယအကြိမ်မြောက် ကတူးတိုင်းရင်းသားပွဲတော်ကို ကျင်းပနေတာလို့ ဦးဆောင်ပြုလုပ်နေသူတွေထံကနေသိရပါတယ်။ 

ကတူးအမျိုးသားနေ့ ကို ၂၀၁၀ ပြည့်နှစ်ကစတင်ပြီး ဧပြီလ ၂၂ ရက်နေ့ကို သတ်မှတ်ခဲ့ကြသလို ကတူးတိုင်းရင်းသားပြန်လည်စုရုံးတွေ့ဆုံပြီး စာပေနှင့်ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင်ရေးဆွေးနွေးကြတာလည်းဖြစ်ပါတယ်။ 

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...