ပွင့်ဖြူမှာ စစ်ကော်မရှင် စစ်ကြောင်းထိုး၍ ဒေသခံ သောင်းချီ ထွက်ပြေး

ပွင့်ဖြူမှာ စစ်ကော်မရှင် စစ်ကြောင်းထိုး၍ ဒေသခံ သောင်းချီ ထွက်ပြေး
ဓာတ်ပုံ - Social Media
ဓာတ်ပုံ - Social Media

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်ရှင်တပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဧပြီ ၈ ရက် မနက် ၆ နာရီဝန်းကျင်က စကုဘက်ကနေ လာတဲ့ ၁၂ ဘီး ကားကြီး ၅ စီးနဲ့ ပွင့်ဖြူမြို့နယ်ကို စစ်ကြောင်းထိုးလာတာပါ။

"လတ်တလောမှာတော့ အင်အား သုံးရာလောက်နဲ့ ကျောင်းကုန်းကြီးရွာဘက်ကနေ စစ်ကြောင်းထိုးလာတယ်။ ဒေသခံတွေကတော့ အကုန်ရှောင်ထားရတာပေါ့။ လက်နက်ကြီးငယ်သံတွေတော့ ကြားနေရတယ်။" လို့ ပွင့်ဖြူ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင် စစ်ကြောင်းကြောင့် ရေပုတ်ကလေး၊ ရေပုတ်ကြီး၊ မုန်းဇလဲ၊ ညောင်ပင်ဇောက်၊ ပေတောကျောင်းကုန်း၊ ကနီ၊ မဒဲ၊ အင်းကုန်း၊ ထူးပေါက်၊ ထိန်အိုင် စတဲ့ ကျေးရွာတွေက ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က ပွင့်ဖြူမြို့နယ်ကို အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာတာဟာ ၂၀၂၆ ခုနှစ်အတွင်း ပထမအကြိမ်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းက အင်အားသုံး စစ်ကြောင်းဝင်ရောက်မှုမှာတော့ ဒေသခံ ၉ ဦးကို လမ်းပြခေါ်ဆောင်ပြီးသတ်ဖြတ်ခဲ့ပါသေးတယ်။

စစ်ကော်မရှင်က မကွေးတိုင်းက ပေါက်၊ မြိုင်၊ သရက်၊ကံမ၊ မင်းလှ၊ နတ်မောက်၊ ပွင့်ဖြူ၊ စလင်း၊ ချောက်၊ စကု၊ ငဖဲ စတဲ့ မြို့နယ်တွေမှာ အင်အား ၃၀၀၀ ဝန်းကျင်အသုံးပြုပြီး စစ်ကြောင်းထိုးနေတာပါ။

September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...