ကလေးအကျဉ်းထောင်က နိုင်/ကျဉ်း (၅) ဦး လွတ်မြောက်လာ

ကလေးအကျဉ်းထောင်က နိုင်/ကျဉ်း (၅) ဦး လွတ်မြောက်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား (၅) ဦး သည် ဧပြီလ (၃)ရက်နေ့က လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

လွတ်မြောက်လာသူများမှာ အသက်(၂၅) နှစ်အရွယ် ကိုအောင်နိုင်လင်း၊ အသက် (၂၈) နှစ်အရွယ် ကိုရှော၊ အသက် (၂၈) နှစ်အရွယ် မဗန်ဆွေဒိမ်း၊ အသက် (၂၉) နှစ်အရွယ် ကိုဇလိတ်ဘွဲ့ တွမ်ထန်း နှင့် အသက် (၃၁) နှစ်အရွယ် မတာချင်နှယ် တို့ဖြစ်ကြသည်။

၎င်းတို့သည် စစ်အာဏာသိမ်းပြီးနောက်၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်းကြောင့်ဟုဆိုကာ ဖမ်းဆီးခံရသူများ ဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် (၅) နှစ် အသီးသီး ချမှတ်ခံထားရသူများ ဖြစ်ကြသည်။

လက်ရှိ ကလေးမြို့၊အကျဉ်းထောင်တွင် ကဗျာဆရာ ကိုကြယ်စင်ရောင်၊ ကလေးမြို့ အမျိုးသမီးလူထုသပိတ်ခေါင်းဆောင် မအိစံ ၊ကလေးမြို့ လူထုသပိတ်အဖွဲ့ဝင် ကိုမျိုးကို လူထုသပိတ်အဖွဲ့ဝင် ကိုဂွတို၊ ကလေး PDF ဆေးတပ်ဖွဲ့ဝင် မမန်လွန်း ဒိမ်း၊ မညောင် ဒွန့်ကျင်၊ မမားလ် ဆောမ်ဒေါင်း အီး၊ မလားလ်တန်လွေးအီ၊ မဇမ်ဇိုးဇာမ်၊ မလားလ်လွန်စန်းအီး၊ မလားလ် မွမ်းကိမ်းအီး၊ မဗန်လားရွန်း အီးနှင့် မလားလ်ပျန်းဖဲလ်အီး တို့အပါအ ဝင် နိုင်ငံရေးအကျဉ်းသားရာကျော်ကျန်ရှိနေသေး ကြောင်းသိရ သည်။

ပြီးခဲ့သည့် မတ်လ (၂) ရက်နေ့ကလည်း စစ်ကော်မရှင်၏ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ကလေးမြို့အ ကျဉ်းထောင်မှ အကျဉ်းသား (၁၁၅) ဦးလွတ် မြောက်လာခဲ့ပြီး ယင်းအနက်တွင် နိုင်ငံရေးအကျဉ်းသား (၈၁) ဦး၊ အကျဉ်းသူ (၂၅) ဦး စုစုပေါင်း (၁၀၆) ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။

August 6, 2026
မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် မြို့တွင်းသို့ ကုန်စည်ဝင်ရောက်မှု...
August 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှု ဆက်လက်...
August 5, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်ရှိ စစ်စခန်းငယ်တစ်ခုတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ...
(ပုံဟောင်း) ကလေးမြို့နယ်အတွင်း မြင်ကွင်း။
August 4, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်းလိုင်နှစ်ခြင်းဘုရားကျောင်း အနီး ဗိုလ်ချုပ်လမ်းပေါ်တွင်...