ရေနံမှော် ကိစ္စက လုပ်ပိုင်ခွင့်အာဏာခွဲဝေရေးဖြစ်လို့ ဆက်ဆွေးနွေးမယ်လို့ဆို

ရေနံမှော် ကိစ္စက လုပ်ပိုင်ခွင့်အာဏာခွဲဝေရေးဖြစ်လို့ ဆက်ဆွေးနွေးမယ်လို့ဆို

မကွေးတိုင်းဒေသကြီး မြိုင် နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမှော်ဒေသတွေဆီကို မတ်လ ၃၀ ရက်နေ့မှာ NUG ရဲ့ PDF တပ်ဖွဲ့တွေက အင်အားရာနဲ့ချီအသုံးပြုပြီး ပိတ်ဆို့ထားခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာမှုတွေဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီကိစ္စအပေါ် ပြောဆိုမှုတွေအမျိုးမျိုးရှိခဲ့ပြီး ဧပြီလ ၂ ရက်နေ့မှာတော့ မကွေးဖက်ဒရယ်ယူနစ်ရဲ့ တာဝန်ရှိသူတွေနဲ့ NUG တို့အကြား အွန်လိုင်းကနေ ဆွေးနွေးခဲ့ပါတယ်။

ဒီပြဿနာဟာ လုပ်ပိုင်ခွင့်အာဏာခွဲဝေရေးနဲ့ ဆက်နွယ်နေတဲ့ ကိစ္စရပ်ဖြစ်တာကြောင့် အဆင်ပြေမှုရရှိတဲ့အထိ ဆက်လက်ညှိနှိုင်းဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်လို့ NUG က ထုတ်ပြန်ခဲ့ပါတယ်။

မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာများကို နားလည်မှုလွဲစေနိုင်တဲ့ ရန်သူအကြိုက်တွေ့စေမယ့် ရေးသားမှုများ၊ထုတ်ပြန်မှုများကို မပြုလုပ်ကြဖို့ ပြဿနာကို ပိုမိုကြီးထွားစေတဲ့ ဆောင်ရွက်ချက်များကိုလည်း ထိန်းကျောင်းကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ရှိ ရေနံမှော်တွေဆီကနေ အခွန်အခ အများအပြားရရှိနေပြီး လက်ရှိမှာ မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရကအဲ့ဒီနေရာတွေကို ထိန်းချုပ်ထားသလို ပခုက္ကူနဲ့ မြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေက ထိန်းချုပ်ထားတာလို့သိရပါတယ်။

ဧပြီလ ၃ ရက်နေ့မှာလည်း မြိုင်မြို့နယ်ရှိ ရေနံမှော် ဒေသက လုပ်သားတွေနဲ့ ဒေသခံတွေက NUG ရဲ့ တပ်တွေ ဖြန့်ကျက်ထားမှုအပေါ် ဆန္ဒပြခဲ့ကြပါတယ်။

“ မကွေးဖက်ဒရယ် ယူနစ်အစိုးရ တို့အစိုးရ”၊ “စစ်အနိုင်တိုက်ရေး ရှေ့ရှုကြ”၊ “မိတ်ဖက်ပဋိပက္ခ အလိုမရှိ” စတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ရေနံမှော်တွေထဲမှာ လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။

ရေနံမှော်ဒေသတွေဆီကနေ နေ့စဉ် ရေနံစိမ်းဂါလံပေါင်းထောင်နဲ့ချီရရှိနေပြီး စက်သုံးဆီအကြပ်အတည်းကာလမှာ ရေနံစိမ်းစျေးနှုန်းတွေလည်း မြင့်တက်နေတာပါ။

အဲ့ဒီဒေသက ရေနံစိမ်းတွေကို စက်သုံးဆီအဖြစ် ပြောင်းလဲပြီး မကွေး ၊ စစ်ကိုင်း နဲ့ ကချင် ဒေသက သယံဇာတူးဖော်နေတဲ့ နေရာတွေဆီကို ဖြန့်ဖြူးတာလည်းဖြစ်တယ်လို့ မြိုင်ဒေသက ရေနံလုပ်ငန်းရှင်တွေဆီကနေ သိိရပါတယ်။

May 13, 2026
ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့မှာ ရှမ်း(၅)မျိုးကို ကိုယ်စားပြုတဲ့ သျှမ်းမျိုးနွယ်စုရေးရာ(SEA)...
May 12, 2026
၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေ လေးနှစ်နီးပါး ပိတ်ပင်ထားခဲ့တဲ့ မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို...
May 8, 2026
မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို စစ်တပ်က အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မေလ ၆...
May 7, 2026
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG တို့ သိမ်းပိုက်ထားတဲ့မြို့တွေ...