အနှစ်သာရရှိတဲ့ နိုင်ငံရေးဆွေးနွေးမှုဖြစ်စေရေး အခင်းအကျင်းတွေကို PCB ကြေညာ

အနှစ်သာရရှိတဲ့ နိုင်ငံရေးဆွေးနွေးမှုဖြစ်စေရေး အခင်းအကျင်းတွေကို PCB ကြေညာ

နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်စေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ဆောင်ရွက်ရမယ့် အခင်းအကျင်းတွေကို နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB) က သဘောထားထုတ်ပြန်ချက်တစ်ခုကို မတ်လ ၃၁ ရက်နေ့မှာကြေညာပါတယ်။

အချက် (၉) ချက်ပါဝင်တဲ့ သဘောထားကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ ၊ နိုင်ငံသားတို့ရဲ့ မူလရပိုင်ခွင့်တွေကိုပြန်လည်ပေးအပ်ဖို့အတွက် ဆိုထားပါတယ်။

အဖွဲ့အစည်းအသီးသီးရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းတာတွေနဲ့ စစ်မှုထမ်းစေတာတွေကို မပြုလုပ်ဖို့ ပြောထားတာပါ။

ဒါ့အပြင် အရပ်သားပြည်သူတွေ သေဆုံးထိခိုက်နစ်နာစေမယ့် စစ်ရေးဆောင်ရွက်ချက်တွေကို ရှောင်ရှားဖို့နဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး စတဲ့ အဆောက်အဦးတွေကို ဦးတည် တိုက်ခိုက်တာတွေ ရှောင်ရှားကြဖို့ ဆိုထားပါတယ်။

ပြည်ပကို ရောက်ရှိနေတဲ့ အင်အားစုအသီးသီးတွေလည်း ဌာနေကို ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရောက်ရှိနိုင်တဲ့ နိုင်ရေးအခင်းအကျင်းတွေကို ဖော်ဆောင်ဖို့ ကိုလည်း ပြောဆိုထုတ်ပြန်ထားပါတယ်။

သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုးပမ်းဖို့နဲ့ ဒီဆွေးနွေးပွဲတွေကို နိုင်ငံတကာက ကူညီပူးပေါင်းပေးဖို့ကို တောင်းဆိုထားပါတယ်။

နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Political Coordination Body - PCB) ဟာ ဖက်ဒရယ်ဒီမိုက်ရေစီ ပြည်ထောင်စုနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ဝါရင့်နိုင်ငံရေးသမားတွေပါဝင်စုဖွဲ့ထားတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

ကျားခေါင်းပါတီက ဦးစိုင်းညွန့်လွင် ၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး တို့ပါဝင်သလို တခြားဝါရင့်နိုင်ငံရေးသမားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

တကောင်းနီကယ်စက်ရုံ အတွင်းပိုင်းကို တွေ့ရစဉ်။
August 3, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာတွင် တည်ရှိသည့်...
July 27, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးရှိ တရုတ်နယ်စပ် ကုန်သွယ်စစ်ဆေးရေးစခန်းကို...
July 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ပေါ်သို့ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် ဒေသခံများမှာ...
July 17, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး...