အပတ်စဉ် ၂၃ အတွက် မွန်က လူငယ် ၂၂၀ ကျော် စစ်သားစုဆောင်းခံရ

အပတ်စဉ် ၂၃ အတွက် မွန်က လူငယ် ၂၂၀ ကျော် စစ်သားစုဆောင်းခံရ

မွန်ပြည်နယ်မှာ အခုလအတွင်း စစ်ကော်မရှင် ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၃ သင်တန်းအတွက် လူငယ် ၂၂၀ ကျော် စစ်သားစုဆောင်းခံခဲ့ရတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

စစ်မှုထမ်းတပ်သားစုဆောင်းခံရသူတွေကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့က မော်လမြိုင်အခြေစိုက် နယ်မြေခံသင်တန်းကျောင်းမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ စစ်ကော်မရှင်ခန့် မွန်ပြည်နယ်အစိုးရအဖွဲ့က စစ်မှုထမ်း တပ်သားစုဆောင်းခံထားရတဲ့ လူငယ်တွေကို တစ်ဦးလျှင် ငွေကျပ် ၅ သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၂၃ အတွက် တပ်သားစုဆောင်းခံရသူတွေဟာ လမ်းမှာ ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေ၊ ဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းတပ်သားအဖြစ် ပြန်လည်ရောင်းစားခံရသူတွေ အများဆုံး ပါဝင်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ ပြည်နယ်အတွင်းမှာ ပြည်သူ့စစ်မှုထမ်း သင်တန်းတွေ လစဉ်ဖွင့်လှစ်နိုင်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖိအားပေးနေတာပါ။

အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ ပြောပြချက်အရ ရပ်ကွက်ကျေးရွာ တစ်ခုလျှင် အနည်းဆုံး စစ်မှုထမ်း တပ်သား ရှစ်ဦးကနေ ၁၀ ဦးအထိ မပေးထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဆက်တိုက်ဖိအားပေးခြိမ်းခြောက်ခံရနေရတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၂ အထိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၄၅၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...