မီဇိုရမ်မှ မြန်မာသို့ စက်သုံးဆီ တရားမဝင်တင်ပို့မှု တားမြစ်

မီဇိုရမ်မှ မြန်မာသို့ စက်သုံးဆီ တရားမဝင်တင်ပို့မှု တားမြစ်

မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင် (Siaha District) မှ မြန်မာနိုင်ငံဘက်သို့ စက်သုံးဆီ တရားမဝင်တင်ပို့မှုကို ပိတ်ပင်တားမြစ်လိုက်ကြောင်း ရှာဟာခရိုင် ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း ရှာဟာခရိုင်အတွင်းရှိ လူတချို့သည် မြန်မာနိုင်ငံသို့ပြန်လည်တင်ပို့ရောင်းချရန်အတွက် ဆီဆိုင်များမှ ဓာတ်ဆီနှင့် ဒီဇယ်ဆီများကို အလုံးအရင်းဖြင့်ဝယ်လျက်ရှိသောကြောင့် ဒေသခံပြည်သူများအတွက် ကြီးမားသောဆီပြတ်လပ်မှုနှင့်အခက်အခဲများဖြစ်ပေါ်လာနိုင်သည့်အတွက် မြန်မာဘက်သို့ စက်သုံးဆီတင်ပို့မှုကို တားမြစ်လိုက်သည်ဟု ရှာဟာခရိုင်အုပ်ချုပ်ရေးမှူး VL Hruaizela Khiangte က မတ်လ ၂၀ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ရှာဟာခရိုင်အတွင်းရှိ ဆီဆိုင်များသည် အစိုးရမှ သတ်မှတ်ထားသော ဈေး ထက် ပိုမိုမြင့်မားသော မှောင်ခိုဈေးဖြင့် စက်သုံးဆီ ရောင်းချခြင်း မပြုရန်၊ ဆီဆိုင်များသည် ဓာတ်ဆီ ၅၀၀ လီတာအထက် နှင့် ဒီဇယ် ၁၀၀၀ လီတာအထက်ဆိုလျင် ဝယ်ယူသိုလှောင်ခွင့်လိုင်စင် (Storage Permit) ရှိသူများကိုသာ ရောင်းချရမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ကို အိမ်နီးချင်းနိုင်ငံ (မြန်မာ) နှင့် အခြားနေရာများသို့ ကူးသန်းရောင်းဝယ်ခြင်း သို့မဟုတ် တရားမဝင် ပို့ဆောင်ခြင်းတို့ကို ပိတ်ပင်တားမြစ်သည်ဟု ဖော်ပြထားသည်။

ဤတားမြစ်မိန့်ကို ဖောက်ဖျက်ကျူးလွန်ပါက ၂၀၂၃ ခုနှစ်၊ Bharatiya Nyaya Sanhita ပုဒ်မ ၂၂၃ အရ ပြင်းထန်စွာ အရေးယူခြင်း ခံရမည်ဖြစ်ပြီး အဆိုပါ တားမြစ်မိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ (၂) လ အထိ အတည်ဖြစ်ကြောင်းသိရသည်။

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...