ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် Pu Kawl Lian Thang ကိုရွေးချယ်

ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် Pu Kawl Lian Thang ကိုရွေးချယ်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်နယ်လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ Pu Kawl Lian Thang နှင့် ဒုဥက္ကဋ္ဌအဖြစ် ဦးသန့်စင်ဦးတို့ကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ Pu Kawl Lian Thang သည် လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စစ်တပ်ကျင်းပသော ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုအ‌နေဖြင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ (၁) မှာ အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ရွေးကောက်ခံရသူ ဖြစ်သည်။

အလားတူ ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ဦးသန့်စင်ဦးသည်လည်း USDP ပါတီမှ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၎င်းသည် အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၁) မှ ရွေးချယ်ခံထားရသူ ဖြစ်သည်။

ယမန်နေ့ လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်အတွင်း ဟားခါးမြို့ပေါ်၌ ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

မနက်ပိုင်း ၁၀ နာရီခန့်မှစတင်ကာ ဟားခါးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစိုးရရုံးနှင့် လွှတ်တော်ရုံးများတည်ရှိရာ ချင်းဦးစီးရပ်ကွက် အနီးတစ်ဝိုက်တွင် သေနတ်သံများ တောက်လျှောက်ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် CDF တပ်ဖွဲ့များက ဒရုန်းများအသုံးပြုကာ အစိုးရရုံးနှင့် လွှတ်တော်ရုံးတည်ရှိရာ နေရာများကို လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"လွှတ်တော်ခေါ်တဲ့နေ့လည်းဖြစ်တော့ ပစ်ခတ်သံတွေကြားရတော့ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ အိမ်ထဲမှာပဲ တိတ်တိတ်လေး နေနေကြရတယ်" ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်သံများသည် ညနေ ၃ နာရီ၊ ၄ နာရီဝန်းကျင်အထိ ကြားနေရဆဲဖြစ်ပြီး မနက်ပိုင်းတွင်  ပိုမိုပြင်းထန်ခဲ့ကြောင်းလည်း သိရသည်။

စစ်ကော်မရှင်သည် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီးနောက်မှာ မတ်လ ၁၆ နှင့် ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးကို စတင်ကျင်းပခဲ့ပြီး၊ ယနေ့မတ်လ ၂၀ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများ ကျင်းပခဲ့ခြင်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် CDF–KKG တပ်ရင်း ၆ မှ ရဲဘော်များပုံ (Credit)
August 13, 2026
ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင်...
August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...
August 10, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအဖွဲ့များ၏ အမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတု...