ဒါးလက်ချောင်းဒေသခံများ နေရပ်မပြန်နိုင်ကြသေး

ဒါးလက်ချောင်းဒေသခံများ နေရပ်မပြန်နိုင်ကြသေး
အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ တစ်နေရာကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဉ်။
အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ တစ်နေရာကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဉ်။

၂၀၂၄ ခုနှစ်အတွင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့် အမ်းမြို့နယ်၊ ဒါးလက်ချောင်း ဒေသခံများမှာ ယခုအချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း ပြောဆိုကြသည်။

တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း ကျေးရွာများအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရခြင်းဖြစ်သည်။

ယင်းဒေသခံများမှာ တခြားသော အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် နီးစပ်ရာဒေသများနှင့် ပြည်မဘက်တွင် ခိုလှုံနေကြရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဒါးလက် ရွာဟောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက “ တိုက်ပွဲဖြစ်ကတည်းက ရှောင်ကြတာ၊ တချို့တလေတော့ ပြန်လာနေကြတာရှိတယ်။ ဒါပေမဲ့ အများစုကတော့ ပြန်မလာကြသေးဘူး။ အဓိက လေကြောင်းဗုံးကြဲမှာ ကြောက်တာလည်း ပါသလို စားဝတ်နေရေး အဆင်မပြေတာတွေကြောင့်လည်း ပါတယ်။ အခုဆို ရွာထဲမှာ လူမနေလို့ ပိတ်ထားရတဲ့ အိမ်တွေ ရှိသေးတယ် ” ဟု ပြောသည်။

ဒါးလက်ချောင်းအုပ်စုမှ ဒေသခံများမှာ တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်သဖြင့် ဝေးလွန်ခေါင်ဖျားသည့် နေရာများတွင် ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးအစ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုတွင် ဒါးလက်တောင်ရွာ၊ ဒါးလက်ရွာဟောင်း၊ အလယ်ကျွန်းရွာ၊ ဒါးလက်အနောက်ရွာ၊ ဒါးလက်ရှမ်းကုန်းရွာ စသည့်ကျေးရွာပေါင်း ၃၈ ရွာရှိသည်။

အဆိုပါ ဒေသမှာ ရခိုင်တိုင်းရင်းသား ၃၀ ရာခိုင်နှုန်းခန့်နှင့် ချင်းတိုင်းရင်းသား ၇၀ ရာခိုင်နှုန်း နေထိုင်ကြသည်။

ဒါးလက်ချောင်းဒေသခံများမှာ တောတောင်ကို အမှီပြုပြီး သစ်ဝါးခုတ်ခြင်း၊ လယ်ယာ လုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။

ထို့အတူ လက်ရှိ ပြန်လည်နေထိုင်နေကြသည့် ဒေသခံများမှာလည်း အလုပ်အကိုင်ရှားပါးမှုနှင့်အတူ ကုန်ဈေးနှုန်း ကြီးမြင့်မှုများကြောင့် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ရင်ဆိုင်နေကြရသည်။

နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက “ နေတာထိုင်တာကတော့ ကိုယ့်အိမ်ကိုယ့်ယာမို့လို့ အဆင်ပြေပေမယ့် ကုန်ဈေးက တခြားနေရာထက် ဈေးကြီးတယ်။ ကိုယ့်နယ်က တခြားနေရာတွေနဲ့ သီးခြားလိုမျိုးဖြစ်နေတော့ လမ်းသွားလမ်းလာ စရိတ်ကအစ အဆင်မပြေဘူး။ ဒါတွေကြောင့်လည်း အိမ်မပြန်ကြတဲ့ သူတွေများတယ် ” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ဒါးလက်ချောင်းဒေသရှိ အာရက္ခတပ်တော်၏ စစ်သုံ့ပန်းအကျဉ်းစခန်းအား ဗုံးကြဲတိုက်ခိုက်မှုကြောင့်လည်း ယင်းအနီးနားကျေးရွာများတွင် ပြန်လည်နေထိုင်နေကြသည့် ဒေသခံအချို့မှာ တိမ်းရှောင်နေကြရကြောင်း သိရသည်။

အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုမှ ဒေသခံများမှာ အမ်း၊ ကဇုကိုင်းသို့ ကုန်းလမ်း၊ ရေလမ်းခရီးမှ သွားနိုင်ပြီး မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို ရေလမ်းခရီးမှ သွားရောက်ကာ ဆန်၊ ဆီ၊ ဆားအပြင် တခြားလူသုံးကုန် ပစ္စည်းများကို အဓိက ဝယ်ယူစားသုံးနေကြသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...