AA ထိန်းချုပ်ဒေသတွင် စက်သုံးဆီ ဈေးနှုန်း ၂ ဆထိ မြင့်တက်လာ

AA ထိန်းချုပ်ဒေသတွင် စက်သုံးဆီ ဈေးနှုန်း ၂ ဆထိ မြင့်တက်လာ

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA) ထိန်းချုပ်ဒေသတွင် စက်သုံးဆီဈေးနှုန်း ၂ ဆအထိ မြင့်တက်လာ နေပြီး ဆီဝယ်ယူသိုလှောင်မှုလည်း အလုအယက်ဖြစ်ပေါ်နေကြောင်း ကုန်သည်များနှင့် ဒေသခံများထံမှ သိရသည်။

အိန္ဒိယဆီ တစ်လီတာကို ငွေကျပ် ၆,၅၀၀ နှင့် အောက်တိန်း (92) တစ်လီတာကို ငွေကျပ် ၈,၀၀၀ ရှိရာကနေ ယနေ့တွင် အိန္ဒိယဆီ တစ်လီတာကို ငွေကျပ် ၁၀,၀၀၀ နှင့် အောက်တိန်း (92) တစ်လီတာကို ငွေကျပ် ၁၂,၀၀၀ ထိမြင့်တက်နေသည်။

အီရန်ဂယက်ကြောင့် AA ထိန်းချုပ်ဒေသတွင် ဆီဈေးနှုန်းမြင့်တက်လာကာ တစ်ပတ်အတွင်းမှာ စက်သုံးဆီဈေးနှုန်း ၂ ဆခန့်ထိ မြင့်တက်လာခြင်းဖြစ်ပြီး ထပ်မံမြင့်တက်နိုင်ခြေရှိကြောင်းလည်း ကုန်သည်များက သုံးသပ်ကြသည်။

ရခိုင် ကုန်သည်တစ်ဦးက “အိန္ဒိယကနေ ရခိုင်စက်သုံးဆီ ဈေးကွက်ကို ရောက်ရောက်ချင်းပဲ စီးပွားရေး သမားတွေက ဘုတ်မှာပါလာတဲ့ ဆီတွေကို အကုန်လုံးဝယ်လိုက်တာကြတာရှိတယ်၊ ပြီးတော့ ဈေးကောင်းရတဲ့အချိန် ရောင်းဖို့ဆိုပြီး သိုလှောင်တာတွေလည်းရှိတယ်။ အိန္ဒိကဝယ်ယူတဲ့အချိန် ဈေးအရမ်းမကြီးသေးပေမယ့် တစ်ဆင့်ပြီးတစ်ဆင့် ဈေးကစားနေတော့ အခုလို ဈေးတက်သွားတာ” ဟု ပြောသည်။

ယခင်အပတ်က စက်သုံးဆီ တစ်ပေပါကို ငွေကျပ် ၁၃ သိန်းကနေ ယနေ့တွင် ငွေကျပ် ၂၁ သိန်းကျော် ဖြစ်နေပြီး ဒီဇယ်ဆီ တစ်ပေပါကို ၁၂ သိန်းကနေ ယနေ့တွင် ၂၀ သိန်းကျော်အထိ ဈေးမြင့်နေကြောင်း သိရသည်။

အိန္ဒိယ စက်သုံးစက်ဈေးတွင် အနည်းငယ်သာ ဈေးပြောင်းလဲမှုရှိသော်လည်း ရခိုင်သို့ တင်သွင်းရာမှာ ကားခ၊ စက်လှေခစသည့် သယ်ယူခစရိတ်ကြီးမြင့်မှုကြောင့်လည်း ဈေးမြင့်တက်ခြင်းအကြောင်းအရင်း ဟု ကုန်သည်များက ဆိုကြသည်။

“စက်သုံးဆီ ဈေးတက်တာက တော်တော်လေးကို မြန်တယ်။ မနေ့နဲ့ ဒီနေ့က မတူဘူး။ မနေ့ကဆိုရင် ကျမ စက်သုံးဆီ တစ်ပေပါ ဝယ်ဖို့သွားတယ်။ မသွားခင် တစ်ပေပါကို ၁၈ သိန်းနဲ့ ရတယ်လို့ ကြားတယ်။ စက်သုံးဆီဈေးကွက်ကိုရောက်သွားတဲ့အချိန် ပေပါ နည်းနည်းလောက်ပဲရှိတော့တယ်။ ဘယ်လောက်လဲလို့ မေးလိုက်တော့ အိန္ဒိယဆီ တစ်ပေပါသိန်းနှစ်ဆယ်ကျော်ဖြစ်နေပြီ။ ကျမတို့လို အသေးစား ဓာတ်ဆီရောင်းတဲ့သူတွေက အခုဈေးတင်ပြီး ရောင်းရတာ” ဟု ကျောက်တော် ဒေသခံ ဆီရောင်းနေသူ အမျိူးသမီးတစ်ဦးက ပြောသည်။

အရှေ့အလယ်ပိုင်း ဂယက်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ဈေးနှုန်းများမြင့်တက်နေပြီး ရခိုင်ပြည် အတွင်းမှာလည်း ထိုသို့ စက်သုံးဆီဈေးနှုန်းမြင့်တက်ပြဿနာကို တစ်နေ့ထက်တစ်နေ့ ကြုံတွေ့လာနေသည်။

စစ်ကောင်စီ၏ ပိတ်ဆို့မှုဒဏ်ခံနေရသော ရခိုင်တွင် စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းဈေးနှုန်းမြင့်တက် မှုဒဏ်ကို ရင်ဆိုင်နေရသည့်အထဲ ယခုကဲ့သို့ ထပ်မံ စက်သုံးဆီမြင့်တက်မှုဖြစ်ပေါ်လာသဖြင့် ဒေသခံများကြား အခက်အခဲဖြစ်ပေါ်နေကြသည်။

၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...