စစ်ရှောင်များရဲ့တစ်နိုင်တစ်ပိုင် ရွှေကျင်မှုများ ပိတ်ပင်ခံရ

စစ်ရှောင်များရဲ့တစ်နိုင်တစ်ပိုင် ရွှေကျင်မှုများ ပိတ်ပင်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ကို ရောက်ရှိလာတဲ့ ဝိုင်းမော်မြို့နယ်က စစ်ရှောင်တချို့ရဲ့ တစ်နိုင်တစ်ပိုင် ရွှေတူးဖော်မှုတွေကို ပိတ်သိမ်းခံရတာကြောင့် စားဝတ်နေရေးခက်ခဲလာတယ်လို့ စစ်ရှောင်များထံမှ သိရပါတယ်။

“ မနေ့ကသွားကျင်ကြတယ်။ မရဘူးတဲ့။ လူကြီးတွေမကျင်ခိုင်းဘူးလို့ပြောတယ်။ တစ်နိုင်တစ်ပိုင်ကိုမရတော့တာ။ လက်လောင်းထိုးတာကို မရတော့ဘူး" လို့ စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

သူတို့က ဧရာဝတီမြစ် ပမ္မတီးရေဆိပ်မှာ ရွှေကျင်ကြရတာဖြစ်ပြီး မတ်လ (၉) ရက်နေ့မှစ ပိတ်သိမ်းခံရကာ ဘယ်နှစ်ရက်ပိတ်ထားမလဲဆိုတာကိုတော့ ယခုအချိန်ထိ အတိအကျမသိသေးဘူးလို့ သိရပါတယ်။

" (၅) ဦးလောက်တော့သွားကြတာ ။ အဲ့ဒါမရတော့ဘူးတဲ့။ မီးသတ်ကဆိုလားဘာဆိုလားကွင်းဆင်းပြီး စာဖတ်ပြပြီး လာမောင်းထုတ်တယ်" လို့ မနေ့က ရွှေကျင်ရန်သွားရောက်ခဲ့သူတစ်ဦးကလည်း ဆိုပါတယ်။

အဲဒီ ရွှေတူးဖော်မှုကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကန့်ကွက်စာထုတ်ပြန်ထားတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ရက်အစောပိုင်းရက်တွေကလည်း တစ်အင်ကို ဒဏ်ငွေ (၂) သောင်းပေးဆောင်ရပြီး မနေ့ကမှစပြီး ကျင်တာတွေ့ရှိရင် ထောင်ဒဏ် (၃ )လချမှတ် ပိတ်ပင်မယ်လို့ သိရပါတယ်။

မြစ်ကြီးနားမှာ ရွှေတစ်ရွေးကို (၇) သောင်းကျော်ပေါက်စျေးရှိသလို ရွှေတူးဖော်မှုတွေကို ရပ်ဆိုင်းလိုက်မှုကြောင့် ဒီအလုပ်ကိုအဓိကမှီခိုနေရပြီး စားဝတ်နေရေးဖြေရှင်းနေရတဲ့ စစ်ဘေးရှောင်များအဖို့ ခက်ခဲမှုများဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...