အမ်းတွင် စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးကြဲခံရ၍ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး၊ ၃၂ ဦး ဒဏ်ရာရ

အမ်းတွင် စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးကြဲခံရ၍ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး၊ ၃၂ ဦး ဒဏ်ရာရ
ဓာတ်ပုံ - AA Info Desk
ဓာတ်ပုံ - AA Info Desk

(သုံ့ပန်းအများဆုံး သေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီကျူးလွန်ခဲ့ခြင်းဖြစ်)

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ (၈) ရက်နေ့၊ နံနက် (၁၁) နာရီမှ မွန်းလွဲ (၂)နာရီခွဲအထိ သုံးနာရီခွဲခန့်ကြာအောင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၄) စီးနှင့် Y-12 (၄) စီးတို့ဖြင့် အဆိုပါ ဒါးလက်ချောင်းရှိ သုံ့ပန်းစခန်းကို မရပ်မနား ဆက်တိုက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများထဲတွင် စစ်ကောင်စီတပ်၏ စစ်ဘက်အရာရှိကြီး အများအပြားပါဝင်ပြီး ပြင်းထန်၊ အလတ်စားနှင့် အသေးစား ဒဏ်ရာရရှိသူ မြောက်များစွာရှိကြောင်း သိရသည်။ ထို့ပြင် စခန်းအတွင်း ပြစ်ဒဏ်ကျခံနေရသည့် အရပ်သားအချို့လည်း သေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့သည်။

"ဒါဟာ အာရက္ခဒေသအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ မိမိတို့ရဲ့ တပ်ဖွဲ့ဝင်အချင်းချင်း (စစ်သုံ့ပန်းများ) အသေအပျောက် အများဆုံးဖြစ်သွားတဲ့ ဖြစ်စဉ်တစ်ခုပါပဲ" ဟု မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ဗုံးဒဏ်ကြောင့် အလောင်းအချို့မှာ မည်သူမည်ဝါဖြစ်ကြောင်းကို ခွဲခြားရန်ခက်ခဲနေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျောက်ဆုံးနေမှုများလည်း ရှိနေသည်။ သေဆုံး၊ ဒဏ်ရာရသူများ၏ အသေးစိတ်အချက်အလက်များကို အာရက္ခတပ်တော်က ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

လေယာဉ် (၈)စီးဖြင့် သုံးနာရီကျော်ကြာ တိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများရှိနိုင်ကြောင်း ခန့်မှန်းရသည်။

အဆိုပါတိုက်ခိုက်မှုသည် စစ်ကောင်စီက ၎င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများဖြစ်သည့် စစ်သုံပန်းများကိုပင် ငဲ့ညှာမှုမရှိဘဲ လူမဆန်စွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ယခင်ကလည်း အာရက္ခတပ်တော် ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းနှင့် ၎င်းတို့၏မိသားစုဝင်များ ထားရှိရာနေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို DMG အနေဖြင့် ဆက်လက်စုံစမ်းတင်ပြသွားမည်ဖြစ်သည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...