ချင်းပြည်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

ချင်းပြည်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တွင် နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရန်အတွက် မြို့ပေါ်နေပြည်သူများအနေဖြင့် သတ်မှတ်ရက်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို မပျက် မကွက် ဆောင်ရွက်ကြရန် တော်လှန်ရေးအုပ်ချုပ်ရေးအဖွဲ့များက အသိပေးနှိုးဆော်ချက်ထုတ်ပြန်သည်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဒေသန္တရအမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး မြို့ပေါ်ရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်ပတ်ဝန်းကျင်နှင့် လမ်းမကြီးများပေါ်ရှိ သန့်ရှင်း ရေးလုပ်ငန်းများကို လာမည့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ် ဆောင်ရွက်ကြရန် ညွှန်ကြားထားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ မင်းတပ်နှင့်ကပ်လျှက်ရှိနေသော ကန်ပက်လက်မြို့နယ်တွင်လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ကန်ပက်လက်မြို့နယ် ပအဖ က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ကန်ပက်လက်မြို့ပေါ်ရှိ အိမ်ခြံမြေပိုင်ရှင်များအနေဖြင့် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃၀ ရက်အတွင်း နေအိမ်နှင့် အိမ်ရှေ့မျက်နှာစာများကို သန့်ရှင်းရေး ပြုလုပ်ကြရန် အသိပေးထားသည်။

သတ်မှတ်ရက်အတွင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဒဏ်ငွေအဖြစ် အိမ်ဝိုင်းတစ်ဝိုင်းလျှင် ကျပ် ၂ သိန်း ပေးဆောင်ရ မည်ဟု သိရသည်။

ကန်ပက်လက်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း နေအိမ်မီးလောင်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၃ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီးနောက် ယခုကဲ့သို့ ကြိုတင်ကာကွယ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခြင်း ဖြစ်သည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၁ ရက်၊ နေ့လယ် ၃ နာရီခန့်ကလည်း ပလက်ဝမြို့နယ်၊ တွီကင်းဝကျေးရွာတွင် ရေနွေးတည်ရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် အများအပြားကူးစက်လောင်ကျွမ်းကာ နေအိမ် ၁၀ အထိပျက်စီးဆုံးရှုံးခဲ့ ရကြောင်း သိရသည်။

ပြီးခဲ့သော ၄ ရက်ကပင် တောမီးရှို့ရာကနေတစ်ဆင့် တီးတိန်မြို့ပေါ်ရှိ ကမ်းဟောက်အားကစားကွင်အောက်ဘက်တွင် တစ်နေကုန် တောမီးလောင်ကျွမ်းခဲ့ရာ လူနေအိမ်များကူးစက်လောင်ကျွမ်းခါနီးတွင် မီးသတ်တပ်ဖွဲ့မှ လာရောက် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

February 27, 2026
ချင်းပြည်လွှတ်တော်သည် ချင်းပြည် မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ...
February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...