မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူ

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူ

အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြောက်၍ စစ်အစိုးရအဖွဲ့ အသစ်ကို ဖွဲ့စည်းကာ အာဏာတာဝန်ကို ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကော်မရှင်အဖွဲ့နှင့် စစ်တပ် ဒုတိယခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်က နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်တို့ကို ရောက်ရှိပြီး တပ်မိသားစုများနှင့် တွေ့ဆုံရာမှာ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

မတ်လ ၁၆ ရက်နှင့် ၁၈ ရက်တို့တွင် တတိယအကြိမ်မြောက် ပြည်သူ့တော်လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးများ ကျင်းပရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယစစ်ခေါင်းဆောင်က ပြောသည်။

လွှတ်တော်ခေါ်ယူ၍ အစည်းအဝေး ကျင်းပနိုင်ရန်အတွက် စစ်ကော်မရှင် အစိုးရနှင့် တိုင်းနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင် ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သော စစ်ကော်မရှင်က ဦးဆောင် ကျင်းပပေးသည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးရာတွင် ပါတီငယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ လွှတ်တော်နိုင်ငံရေး စင်မြင့်တွင် ပါဝင်လာနိုင်စေရန် FPTP စနစ်နဲ့ PR စနစ်တို့ ကို ကျင့်သုံးခဲ့သောကြောင့် တိုင်းရင်းသားပါတီးများမှ ကိုယ်စားလှယ်များနှင့် ပါတီငယ်များမှ ကိုယ်စားလှယ်များ ပိုမိုပါဝင်လာ သည်ဟု ဒုတိယစစ်ခေါင်းဆောင်က ပြောသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၆ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဖေဖော်ဝါရီလ ၂၃ ရက်မှာ ကြေညာထားသည်။

အမျိုးသားလွှတ်တော် တတိယအကြိမ် ပထမပုံမှန် အစည်းအဝေးကို မတ်လ ၁၈ ရက်တွင် စတင်ခေါ်ယူ ကျင်းပမည်ဖြစ်ပြီး ၊ တတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ပထမပုံမှ အစည်းအဝေးကို မတ်လ ၂၀ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူမည်ဖြစ်ကြောင်းအာဏာသိမ်း စစ်ကော်မရှင်အဖွဲ့၏ အမှုဆောင်ချုပ် အောင်လင်းဒွေးက ဖေဖော်ဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်သည်။

စစ်ကော်မရှင်က ဦးဆောင်၍ ရွေးကောက်ပွဲများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်းခွဲ ကျင်းပပေးခဲ့ပြီး စစ်တပ်ကျော့ထောက်နောက်ခံပါတီလည်းဖြစ်၊ စစ်တပ်အရာရှိကြီးများ ဝင်ရောက်ယှဉ်ပြိုင်သည့် ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်မှာ ၁၀၈ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၂၃၁ နေရာနှင့် အစိုးရဖွဲ့နိုင်သည့်အထိ လွှတ်တော်နေရာအများစုကို အနိုင်ရရှိထားသည်။

လက်ရှိမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အသစ်တက်လာမည့် စစ်အစိုးရအဖွဲ့တွင် သမ္မတဖြစ်လာနိုင်သည့် သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

Most read this week

March 18, 2026
စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလှုံကြသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင်...
March 17, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့တို့ကြား လူသားချင်း...
March 16, 2026
ချင်းပြည်နယ်၊ တွန်ဇံမြို့နယ်တွင် လှုပ်ရှားနေသော Zomi Revolutionary Army- Eastern Command (ZRA-EC...
March 14, 2026
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ အခြားအင်အားစုများနှင့် လက်တွဲပြီး “ဖက်ဒရယ်...