စစ်ကိုင်းတိုင်းအတွင်း ပညာတတ်မှုအားနည်းခြင်းကြောင့် ဆူပူသောင်းကျန်းမှုပေါဟုဆို

စစ်ကိုင်းတိုင်းအတွင်း ပညာတတ်မှုအားနည်းခြင်းကြောင့် ဆူပူသောင်းကျန်းမှုပေါဟုဆို
ဟုမ္မလင်းမြို့မှာ စစ်ကော်မရှင်ဥက္ကဌနှင့် ဒေသခံများတွေ့ရစဉ် /Credit
ဟုမ္မလင်းမြို့မှာ စစ်ကော်မရှင်ဥက္ကဌနှင့် ဒေသခံများတွေ့ရစဉ် /Credit

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တချို့နေရာတွေမှာ ဆူပူသောင်းကျန်းမှုပေါများနေခြင်းဟာ ပညာတတ်မြောက်မှု အားနည်းတာတွေနဲ့ ဆက်စပ်နေတယ်လို့ ဟုမ္မလင်းမြို့ကိုရောက်ခဲ့တဲ့ စစ်ကောင်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၁၅ )ရက်နေ့မှာ ဟုမ္မလင်းမြို့နယ် မြို့တော်ခန်းမမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာပြောဆိုခဲ့တာပါ။

ဒီလိုအားနည်းမှုတွေကြောင့်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းတွေနဲ့ဖြေရှင်းမယ့်အစား လက်နက်ကိုင်တိုက်ခိုက်မှုတွေကို ဆောင်ရွက်နေသလို နိုင်ငံရေးအကြောင်းပြ သယံဇာတ တရားမဝင် ထုတ်ယူနေတာတွေလည်းရှိတယ်လို့ ထည့်သွင်းပြောပါတယ်။

“ ဒေသတည်ငြိမ်ရေးကို ပျက်စီးအောင် လုပ်ဆောင်နေတဲ့အကြမ်းဖက်အဖွဲ့ မရရှိစေရေး အားလုံးဝိုင်းဝန်းဆန့်ကျင်သွားကြဖို့လိုအပ်တယ်” လို့လည်း သူက ထည့်သွင်းပြောဆိုထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကို ထိန်းသိမ်းဖို့အတွက် ရဲတပ်ဖွဲ့ ရဲ့တာဝန်ဖြစ်ပေမယ့်လည်း လိုအပ်ချက်အရ စစ်တပ်က ပါဝင်နေရတာဖြစ်ပြီးတော့ ရဲတပ်ဖွဲ့တွေကို စွမ်းဆောင်ရည်များမြင့်တင်ပေးနေသလို စစ်တပ်ကို လည်းစွမ်းရည်ပြည့်ဝတဲ့ တပ်ဖြစ်အောင်ဆောင်ရွက်မယ်လို့ သူကပြောပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့ကို NUG နဲ့ KIA+PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာတော့ ဟုမ္မလင်းမြို့ခံတွေကတော့ ဒေသတွင်း သွားလာမှုအားလုံးနီးပါး ပိတ်ဆို့ခံထားရပြီး လေကြောင်းလိုင်းကိုသာ အဓိကထားအသုံးပြုနေမှုကို ဒေသခံတွေက တင်ပြကြတယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာရှိနေတဲ့ စီမံကိန်းတွေကို လာမယ့်နှစ်အတွင်းမှာ အပြီးသတ်ဆောင်ရွက်ပေးသွားမယ်လို့လည်းသိရပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...