ထင်းခုတ်ရုံနှင့် ဝမ်းမဝတော့၍ ပုဏ္ဏားကျွန်းက စစ်ရှောင် တစ်ထောင်ကျော် အငတ်ဘေးနှင့် ရင်ဆိုင်နေရ

ထင်းခုတ်ရုံနှင့် ဝမ်းမဝတော့၍ ပုဏ္ဏားကျွန်းက စစ်ရှောင် တစ်ထောင်ကျော် အငတ်ဘေးနှင့် ရင်ဆိုင်နေရ
ထင်းခုတ်၍ ပြန်လာကြသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတော်စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။
ထင်းခုတ်၍ ပြန်လာကြသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတော်စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတော်ကျေးရွာတွင် ခိုလှုံနေကြသော စစ်ဘေးရှောင် တစ်ထောင်ကျော်မှာ စားဝတ်နေရေးအတွက် တောင်ပေါ်တက် ထင်းခုတ်၍ ဖြေရှင်းနေကြသော်လည်း ယခုအခါ မဖူလုံ သဖြင့် အငတ်ဘေးနှင့် ရင်ဆိုင်လာရကြောင်း ပြောဆိုကြသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် စစ်တွေမြို့နယ်၊ ကြက်ကိုင်းတန်၊ ကြွီတဲ၊ ကျေးတောပိုက်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်စသည့်ကျေးရွာတို့မှ လူဦးရေ ၁,၀၀၀ ကျော် ခိုလှုံနေကြခြင်းဖြစ်သည်။

စစ်ဘေးရှောင်များမျာ အကူအညီအထောက်အပံ့ ရရှိမှုလည်း အလွန်နည်းပါးသဖြင့် တောင်ပေါ်တက် ထင်းခုတ်ကာ ဝမ်းရေးကို အဓိက ဖြေရှင်းနေကြခြင်းပြီး လက်ရှိ ကုန်ဈေးနှုန်းဒဏ်ကြားမှာ တစ်နေ့ ဝင်ငွေနှင့် လိုက်မမီတော့ကြောင်း ပြောကြသည်။

“ဒီမှာက တစ်ရက်လုပ်လို့ ပိုက်ဆံ တစ်သောင်းရှာလို့ မရဘူး။ ဈေးမှာ ငါးလေးဆယ်သားကို ပိုက်ဆံ တစ်သောင်းခွဲ၊ နှစ်သောင်းလောက်ထိ ပေးရတယ်။ ငါးခြောက်တွေကိုတောင် မဝယ်စားနိုင်ဘူး။ တောင် တစ်ရက်တက်လို့ ပိုက်ဆံ တစ်သောင်းတောင်ရှာလို့ မရဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ စစ်ဘေးရှောင် ဒေါ်လှသိန်းဖြူက ပြောသည်။

ရခိုင်ဒေသကို စစ်ကောင်စီ ပိတ်ဆို့ထားမှုနှင့်အတူ အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကြား ဒေသခံများမှာ အလူးအလဲရင်ဆိုင်နေကြရပြီး ထိုဒဏ်ကို စစ်ဘေးရှောင်များက ပိုမို၍ ထိခိုက်ခံစားကြရသည်။

စစ်ဘေးရှောင်များနှင့် ပတ်သက်၍ ယခင်ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှု အကူအညီများမှာလည်း မရှိသလောက်ရှိနေသဖြင့် နေ့စဉ်လူမှုဘဝ ရှင်သန်ရေးအတွက် စိန်ခေါ်မှုကြီး ဖြစ်နေကြရသည်။

သဲတော်စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များမှာ ခြေလျှင်ခရီးရှည်သွားကာ တောင်အထပ်ထပ်သို့ သွားရောက် ထင်းခုတ်ရောင်းချရသည့် တစ်နေ့ဝင်ငွေမှာ တစ်သောင်းခန့်သာ ရှိနေ၍ လက်ရှိ ကုန်ဈေးနှုန်းကြားမှာ စားဝတ်နေရေးက အကျပ်အတည်းရှိနေသည်။

“ကျမှာ မြေးတစ်ယောက်ဆိုလည်း ထမင်းမစားဘဲ ကျောင်းသွားတယ်။ ကျောင်းက ရောက်လာတဲ့ အချိန်ဆို ဗိုက်ဆာတယ်လို့ တစ်ခါမှ ထုတ်မပြောဘူး။ ကျောင်းက ပြန်လာရင်လည်း တောင်တက်ပြီး ခုတ်တယ်။ ထင်းရောင်းမှ စားရတဲ့ ဘဝတွေပါ။ သူက ဒီနှစ်ဆို Grade-11 တက်နေသူပါ။ ထင်းခုတ်ဖို့ သွားရင်လည်း တောင်တစ်လုံး နှစ်လုံးကျော်ပြီး သွားရတယ်” ဟု စစ်တွေမြို့နယ်၊ ကြက်ကိုင်းတန်ကျေးရွာမှ စစ်ရှောင်လာသူ ဒေါ်မလှသန်းက ပြောသည်။

စစ်ဘေးရှောင်များမှာ တစ်နေ့စားဝတ်နေရေးအတွက်တောင်ပင် အနိုင်နိုင် လုံးပန်းနေကြရသဖြင့် အခြား ကျန်းမာရေး၊ သားသမီးပညာရေးပိုင်းမှာ အခက်အခဲများလည်း ကြုံနေရသည်။ စားဝတ်နေရေး ပြဿနာမှာ ပိုကြီးမြင့်လာသဖြင့် ကူညီထောက်ပံ့မှုများပေးရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြသည်။

ရခိုင်တွင် စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင် ၆ သိန်းနီးပါး ရှိနေပြီး အကူအညီရရှိမှု နည်းပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် အလုပ်အကိုင်ရှားပါးမှုဒဏ်ကြား စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ခါးစည်းခံနေကြရသည်။

Most read this week

March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...
March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...
အမ်း - ပဒါန်းလမ်းပိုင်းတွင် ပျက်စီးနေသော စစ်ကောင်စီ ယာဉ်အား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Myanmar Now
March 26, 2026
မကွေး - ရခိုင်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်အင်အား၊ လက်နက်ခဲယမ်း...
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 25, 2026
နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်ရှိ စုံလင်ကွဲပြားသည့်...