ချင်းတောင်ပေါ် စစ်ကော်မရှင်တပ်ကို အမျိုးသမီးဒရုန်းတပ်ဖွဲ့က ပါဝင်တိုက်ခိုက်နေ

ချင်းတောင်ပေါ် စစ်ကော်မရှင်တပ်ကို အမျိုးသမီးဒရုန်းတပ်ဖွဲ့က ပါဝင်တိုက်ခိုက်နေ

ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH အမျိုးသမီးတပ်ဖွဲ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ချင်းတောင်တန်းဒေသကို ကာကွယ်ရန် FPV ဒရုန်းများ အသုံးပြု၍ အကြိမ်ပေါင်းများစွာ ထိထိရောက်ရောက် တိုက်ခိုက်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းများတွင် ချင်းတောင်ပေါ်သို့ စစ်ကော်မရှင်တပ်များက ပြုလုပ်လာသော ထိုးစစ်များကို တုံ့ပြန်နိုင်ရန်အတွက် AIF – Myanmar အဖွဲ့သည် FPV ဒရုန်းအစီအစဉ်ကို တိုးချဲ့၍ အဆင့်မြင့်တင်မှုများ ပြုလုပ်သည်ဟု AIF Myanmar အဖွဲ့က ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်က ထုတ်ပြန်ထားသည်။

စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို FPV ဒရုန်းစစ်ဆင်ရေးဖြင့် အကြိမ်ပေါင်းများစွာ ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း AIF – Myanmar က ရုပ်သံဖိုင်များ ကိုးကား၍ ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးများကို AIF ၏ သီးသန့်အမျိုးသမီးအဖွဲ့ဖြစ်သည့် WITCH အဖွဲ့က ချင်းကာကွယ်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့များကို အပြင်းအထန် အထိနာစေလျက်ရှိသည်ဟု သိရသည်။

စစ်ကော်မရှင်တပ်များ၏ ထိုးစစ်ဆင်လာမှုများကို ဟန့်တားနိုင်ရန်အတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် လက်တွဲ၍ တွန်းလှန်လျက်ရှိကြောင်း သိရသည်။

ရှေတန်းစစ်မျက်နှာပြင်သို့ ဒရုန်းများ ပိုမိုပေးပို့နိုင်ရန်အတွက် AIF နှင့် WITCH အဖွဲ့ထံသို့ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန်လည်း မေတ္တာရပ်ခံတောင်းဆိုထားသည်။

စစ်ကော်မရှင်တပ်၏ ဆက်သွယ်ရေးလှိုင်းဖြတ်စက် (Jammer) များကို ကျော်ဖြတ်ပြီး စစ်ကော်မရှင်တပ်များကို နည်းပညာအဆင့်မြင့်ထားသော အသေခံဒရုန်များဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး AIF Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

FPV (First-Person View) ဒရုန်းများကို အသေခံတိုက်ခိုက်ရေးဒရုန်းပုံစံနှင့် Drop- bomb ပုံစံ ၂ မျိုးလုံးကို အသုံးပြုနေကြောင်းသိရသည်။

စစ်ကော်မရှင်တပ်သည် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းများမှ ထုတ်နုတ်စုဖွဲ့ထားသော တပ်ရင်း ၉ ရင်းဖြင့် စစ်အင်အား ထောင်ချီ အသုံးပြုပြီး စစ်ကိုင်း၊ ကလေးမြို့မှ ချင်းတောင်၊ ဖလမ်းမြို့သို့ ဦးတည်၍ ထိုးစစ်ဆင်နေသည်မှာ ၄ လကျော် ရှိနေပြီဖြစ်ကြောင်း၊ စစ်ကူအင်အားများလည်း ဖြည့်တင်းလျက်ရှိကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာနက ဖေဖော်ဝါရီလ ၈ ရက်မှာ ထုတ်ပြန်သည်။

March 5, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း သားငှက်တိရစ္ဆာန်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့်...
March 4, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်မဏ္ဍိုင် ၃ ရပ် အကြီးအကဲများနှင့် မကွေးဖက်ဒရယ်ယူနစ်...
March 2, 2026
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူ ၇၃၀၀ ကျော်ကို...
February 28, 2026
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တွင် နွေရာသီကာလ မီးဘေးအန္တရာယ်...