ကျိုက်ထိုမှာ စစ်တပ်က ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

ကျိုက်ထိုမှာ စစ်တပ်က ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးအင်အား စုတွေထံကနေ သိရပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းမှာ ကျောက်ရေတွင်းကျေး ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ကျေးရွာအတွင်းမှာ မထွက်ပြေးဘဲ ကျန်ရှိနေတဲ့ ကလေးငယ်တွေအပါအဝင် သက်ကြီးပိုင်တွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူတွေမှာ ကျောက်ရေတွင်းရွာနေ အသက် ၆၀ ကျော်အရွယ် ဒေါ်စန်းကြည်၊ သူနေအိမ်မှာ ဌားနေတဲ့ ကျောင်းဆရာတစ်ဦး၊ ဒေသခံ ကိုဇော်မင်းလတ်၊ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေအပါအဝင် လူပေါင်း ၃၀ ကျော်ကို ဖမ်းဆီးထားတာပါ။

စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းအထိ ကျောက်ရေတွင်းကျေးရွာမှာပဲ ဆက်လက် တပ်စွဲထားတာကြောင့် နှစ်ဖက်စစ်ရေးတင်မားနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က မုက္ခမော့ကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ မြေပြင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဓါတ်ပုံ - Asean (ပုံဟောင်း)
August 17, 2026
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ လက်ရှိ...
ဓါတ်ပုံ - (Crd - ပုံဟောင်း)
August 15, 2026
မွန်ပြည် လွှတ်တော်တွင် မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစု၏ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို...
August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...
ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...