ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် MTC/ MDF ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် MTC/ MDF ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မရာနယ်မြေ အုပ်ချုပ် ရေး ကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) တွေ့ဆုံပြီး အနာဂါတ်တွင် ပိုမိုခိုင်မာသော လက်တွဲ ပူးပေါင်းမှုများ တည်ဆောက်သွားလိုကြောင်း ကြေညာသည်။

ULA/ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် MTC/ MDF ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တရားဝင်တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ဆုံမှု မှတ်တမ်းများကို ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်တွင် MTC သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

“ယခင်ကတည်းက မဟာမိတ်ထက်ပိုသော ဂရုစိုက်မှုနှင့် ဖော်ရွေမှုများ ပြသပေးခဲ့သည့် ULA/AA အား လေးစားကျေးဇူးတင်ရှိပြီး၊ အနာဂတ်တွင်လည်း မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှုနှင့် နားလည်မှုများအပေါ် အခြေခံကာ ပိုမိုခိုင်မာသော လက်တွဲပူးပေါင်းမှုများ တည်ဆောက်သွားလိုပါသည်” ဟု MTC ၏ အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

MTC/ MDF သည် ၂၀၂၃ ခုနှစ် ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်က ULA/ AA ၏ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင်လည်း စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း သိရသည်။\

၂၀၂၅ ဒီဇင်ဘာလကလည်း တော်လှန်တိုက်ပွဲများတွင် ကိုယ်လက်အင်္ဂါဆုံးရှုံးရသော MTC/ MDF ရဲဘော်များအတွက် ULA/ AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်သော သူပုန်ဖြူကဗျာစာအုပ်အဖွဲ့က သူပုန်ဖြူ ကဗျာစာအုပ်များ၊ လွယ်အိတ်များနှင် ငွေသား သိန်း ၂၀ ပေးခဲ့ကြောင်း သိရသည်။

MTC/ MDF သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး မဟာမိတ်ဆက်ဆံရေး အခိုင်အမာ တည်ဆောက်ထားသော ချင်းညီနောင်အဖွဲ့ကို ULA/ AA သည် စစ်ရေး အထောက်အပံ့များ ကူညီနေသည်ဟု သိရသည်။

ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...
August 15, 2026
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇...
ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...