မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့တွေ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေး ၁ ဦးသေဆုံး ၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့

မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့တွေ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေး ၁ ဦးသေဆုံး ၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့

ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့တွေကို ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မတူပီမြို့အနီး ချန်းပြန်းကျေးရွာမှာတော့ ၁၀ နှစ်အရွယ် ဝန်းကျင်ရှိ ကလေးငယ်တဦးကတော့ ပွဲချင်းပြီး သေဆုံးခဲ့ကာ ဒေသခံ ၅ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက်က တစ်ရက်အတွင်း ချင်းပြည်နယ်တောင်ပိုင်းက ချင်းညီနောင် (CB) အဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့၊ ကန်ပက်လက်မြို့နဲ့ မတူပီမြို့နယ်တွေကို စစ်ကော်မရှင် လေကြောင်းနေက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားအဆောက်အအုံ တော်တော်များများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့ပေါ်တနေရာကို မနက် ၁၀ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချလိုက်တာကြောင့် ပြည်သူ့ဈေးဆိုင်တွေ၊ ဓမ္မာရုံ၊ ခန်းမဆောင်ဟောင်းနဲ့ နေအိမ်တချို့ ထိုခိုက်ပျက်စီးခဲ့ပြီး ကန်ပက်လက်မြို့ပေါ်တစ်နေရာကိုလည်း မနက် ၉ နာရီခွဲလောက်မှာ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်၊ အစိုးရရုံးတစ်ချို့ ထိခိုက်ပျက်စီးခဲ့တာပါ။

မတူပီမြို့အနီးက ချင်းပြန်းကျေးရွာကိုလည်း လေကြောင်းကနေ နေ့လယ် ၁၂ ခွဲဝန်းကျင်လောက်မှာ လေကြောင်းကနေ ၄ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ကလေးငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၆ ဦး ခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆီသယ်ကားတစ်စီးနဲ့ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သလို နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ ဖော်ပြချက် အရသိရပါတယ်။

မတူပီ ဒေသခံတစ်ဦးက “ချင်းပြန်းကျေးရွာမှာ ကျောင်းသားကလေးငယ် တစ်ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူက ဆယ်ချီရှိတယ်လို့ပြောတယ်။ အဲဒီဒဏ်ရာရတဲ့သူတွေထဲမှာ အပြင်းအထန် စိုးရိမ်ရသူတွေလည်း တော်တော်များတယ်လို့ ပြောကြတယ်။ အတိအကျ အရေတွက်တော့ ကျနော်ကိုယ်တိုင်လည်း မသိရသေးဘူး ကျနော်လည်း မြေပြင်မှာ မဟုတ်ဘဲ တဆင့်ကြားသိတာပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း မတူပီမြို့ပေါ်တစ်နေရာကိုလည်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့တွေကို စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် လုပ်လာနေတယ်လို့လည်း သိရပါတယ်။

Most read this week

April 11, 2026
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ မတ်လ တစ်လအတွင်း စစ်အုပ်စုရဲ့...
April 10, 2026
အာဏာသိမ်းစစ်ကော်မရှင်ကခေါ်ယူတဲ့ ဧပြီလ ၉ ရက်နေ့မှာ ဟားခါးမြို့မှာ ကျင်းပတဲ့တတိယအကြိမ်...
April 9, 2026
ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရကားရွာမှာ မရာကျေးရွာပေါင်းစုံ...
April 7, 2026
အာဏာသိမ်း စစ်အစိုးရအုပ်ချုပ်နေဆဲဆိုတာ ပြည်သူလူထု မေ့လျော့မသွားအောင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့...