ဖလမ်းမြို့နယ်မှာ ၄ လတာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အရာရှိ ၉ ဦးအပါအဝင် ၂၀၀ ကျော် သေဆုံး

ဖလမ်းမြို့နယ်မှာ ၄ လတာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အရာရှိ ၉ ဦးအပါအဝင် ၂၀၀ ကျော် သေဆုံး

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည် ထိုးစစ်ဆင်နေသော စစ်ကော်မရှင်တပ်များနှင့် ချင်းပူးပေါင်းတပ်တို့ကြား ဖြစ် ပွားသော ၄ လတာတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်မှ အရာရှိ ၉ ဦးအပါအဝင် ၂၀၀ ကျော် သေဆုံးကြောင်း သိရသည်။

စစ်ကိုင်း၊ ကလေးမြို့မှ ချင်းတောင်၊ ဖလမ်းမြို့သို့ ဦးတည်၍ စစ်ကော်မရှင်တပ်သည် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းများမှ ထုတ်နုတ်စုဖွဲ့ထားသော တပ်ရင်း ၉ ရင်းဖြင့် စစ်အင်အား ထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင်နေသည်မှာ ၄ လကျော် ရှိနေပြီ ဖြစ်ကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာနက ဖေဖော်ဝါရီလ ၈ ရက်မှာ ထုတ်ပြန်သည်။

စစ်ကော်မရှင်တပ်၏ စစ်ကြောင်းများကို ချင်းလဲန်းအစိုးရတပ်ဖွဲ့၏ စစ်ကြောင်း ၂ ၊ စစ်ကြောင်း ၃ နှင့် စစ်ကြောင်း ၄ စသော စစ်ကြောင်း သုံးကြောင်းဖြင့် ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

“ ချင်းလဲန်အစိုးရတပ်ဖွဲ့၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုကြောင့် အရာရှိ (၉) ဦး အပါအဝင် ရန်သူ (၂၀၀) ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည” ဟု ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သော နှစ်လကျော်အတွင်း ဖလမ်းမြို့နယ်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလာခဲ့ရာ စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ၊ Y – 12 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ကျော် ပြုလုပ်ရာမှာ ဗုံးထောင်ချီ အသုံးပြုသည်ဟု သိရသည်။

တိုက်ပွဲများတွင် အသေခံဒရုန်းအပါအဝင် ဒရုန်းများကို အဓိက အသုံးပြုလာနေပြီး ဒရုန်းတချို့ကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကော်မရှင်တပ်မှ စစ်သုံ့ပန်းများကို ဖမ်းဆီးရမိထားသကဲ့သို့ ထိခိုက်ကျဆုံးမှုများလည်း များပြားနေကြောင်း ချင်းလဲန်းအစိုးရထံမှ သိရသည်။

လက်ရှိဖလမ်းစစ်ရေးအခြေအနေမှာ စစ်ကော်မရှင်တပ်သည် မြေပြင်၊ ဝေဟင်သာလွန်အင်အားဖြင့် ဆက်တိုက်ထိုး စစ်ဆင်နေ သော်လည်း သေဆုံး၊ ဒဏ်ရာ ရရှိမှု များပြားသောကြောင့် စစ်ကူများ ထပ်မံစေလွှတ်နေသည်ဟု သိရသည်။

ဖလမ်းမြို့တိုက်ပွဲများတွင် ချင်းပူးပေါင်းတပ်မှလည်း ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ ကျဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့ကို ပြန်လည်း သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၅ နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ ကလေး-သိုင်းငင်း- ဖလမ်းနှင့် ကလေး- ဝေဘုလ- ဖလမ်း လမ်းကြောင်းတို့မှ ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိ အချိန်ထိ စစ်ရေးပြင်းထန်နေခြင်း ဖြစ်သည်။

ဓါတ်ပုံ - Yaw
February 6, 2026
ချင်း- မကွေးအစပ်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသရှိ မိအယ်ကျေးရွားကို စစ်ကော်မရှင်တပ်က လေကြောင်း...
February 5, 2026
ညီရင်းအစ်ကိုဖြစ်သော ကချင်လူမျိုးတို့နှင့် တော်လှန်တွဲလက်များ ပိုမိုခိုင်မြဲစေပြီး...
February 3, 2026
လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ချင်းပြည်နယ်တွင် စစ်အာဏာသိမ်း ၅ နှစ်တာအတွင်း ချင်းလူမျိုး...
February 2, 2026
ချင်းပြည်သူများ၊ ချင်းတော်လှန်ရေး အင်အားစုများနှင့် လက်တွဲပြီး ချင်းအမျိုးသားတည်ဆောက်ရေး၊...