ကျောက်ဖြူတွင် ထောင်ဝန်ထမ်းတစ်ဦးကိုသတ်ပြီး အကျဉ်းသားငါးဦး ထောင်ဖောက်ထွက်ပြေး

ကျောက်ဖြူတွင် ထောင်ဝန်ထမ်းတစ်ဦးကိုသတ်ပြီး အကျဉ်းသားငါးဦး ထောင်ဖောက်ထွက်ပြေး

သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူတွင် ထောင်ဝန်ထမ်းတစ်ဦးကို သတ်ပြီး အကျဉ်းသားငါးဦး ထောင်ဖောက်ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ 

ထွက်ပြေးသွားသည့် အကျဉ်းသား ၅ ဦးမှာ ကျောက်ဖြူဇာတိဖြစ်ပြီးဒုစရိုက်မှုတို့ဖြင့် နှစ်ရှည်  ထောင်ချခံထားရသူများဖြစ်ကြောင်း သိရသည်။

အသတ်ခံရသူမှာလည်း ကျောက်ဖြူဇာတိဖြစ်ပြီး သက်ကြီးပိုင်းအရွယ်ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် ယမန်နေ့ ၃ ရက်နေ့လယ်က ထောင်ဝန်ထမ်းတစ်ဦးကို စူးဖြင့်ထိုးကာ အကျဉ်းသား ၅ ဦး‌ထွက်ပြေးသွားသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ထောင်ပြာတာ(ဝန်ထမ်း) ကို စူးနဲ့အချက်ပေါင်းများစွာထိုးသတ်သွားတာ။ သတ်တဲ့သူက လူသတ်မှု၊ မုဒိန်းမှုနဲ့ နှစ်ရှည်ကျနေတဲ့သူ။ ထောင်ဝန်ထမ်းကို ဒဏ်ရာပြင်းလို့ မနေ့ညကနေ ဆေးရုံတင်ထားတာ။ သေပြီလို့လည်း ပြောတယ်။ ကျမသိရသလောက် လတ်တလောထွက်ပြေးတဲ့အထဲမှာ ပြီးခဲ့တဲ့လက စိတ်မနှံ့တဲ့အဘွားကို မုဒိန်းကျင့်သတ်တဲ့ ကောင်လေးလည်း ပါသွားတယ် " ဟု ပြောသည်။

ထွက်ပြေးသွားသူများကို ကျောက်ဖြူမြို့ရဲနှင့်စစ်သားများက ရပ်ကွက်များကို ယမန်နေ့ကနေ လိုက်ရှာနေသော်လည်း ယနေ့နံနက်အထိ မတွေ့သေးဟု မြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

" မနေ့ညကနေ စစ်သား‌နဲ့ရဲတွေက တစ်အိမ်ဝင်တစ်အိမ်ထွက်စစ်တယ်။ ဆားပြင်ကွင်းရပ်ကွက်၊ကညင်တောရပ်ကွက်ဖက်တွေ စစ်တယ်။ ဒီနေ့မနက်ထိ လုံးဝမတွေ့သေးဘူး။ ရဲတွေပြောတာက ထောက်ဖောက်ပြေးတယ်မပြောဘူး။ သူခိုးထွက်ပြေးလို့ရှာတာပဲပြောတယ်။ ဒေသခံတွေကိုလည်း ဝိုင်းရှာခိုင်းတယ်" ဟု ပြောသည်။

ထောင်ဝန်ထမ်းကို ထိုးသတ်စဉ်က တခြားထောင်ဝန်ထမ်း ၅ ဦးလည်းရှိနေပြီး ရန်လုပ်မည်စိုးရိမ်သဖြင့် အနားမှထွက်ပြေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင် ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းကလည်း စိတ်မနှံ့သည့်အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ လေးဦးအသတ်ခံလိုက်ရသည်ဟု သိရသည်။

သတ်ဖြတ်သူများမှာလည်း မူးယစ်ဆေးသုံးစွဲပြီး ခိုးဆိုးလုယက်သူများဖြစ်ပြီး မြို့ပေါ်အခြေအနေမှာ စိုးရိမ်စရာအခြေအနေဖြစ်လျက်ရှိကြောင်း မြို့ခံများကပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာပြီး ညနေပိုင်းတွင် မူးယစ်ရမ်းကားသူများရှိနေသလို နေအိမ်ဖောက်ထွင်းခိုးယူခံရမှုအပြင် လူသတ်မှုများပါတိုးလာ၍ မြို့ခံများအနေဖြင့် စိုးရိမ်မှုမြင့်တက်နေရခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...