မြစ်ကြီးနားလေဆိပ်မှာ နီပါးဗိုင်းရပ်စ် စစ်ဆေးမှု တစ်လကြာပြုလုပ်မည်

မြစ်ကြီးနားလေဆိပ်မှာ နီပါးဗိုင်းရပ်စ် စစ်ဆေးမှု တစ်လကြာပြုလုပ်မည်

မြစ်ကြီးနားမြို့လေဆိပ်မှာ နီပါးရ်ဗိုင်းရပ် ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ ခရီးသည်တွေကို ကိုယ်အပူချိန်တိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ( ၂၉ )ရက်နေ့မှစတင်ကာ ဒီလိုစစ်ဆေးမှုတွေစတင်လုပ်ဆောင်နေပြီး တစ်လ နီးပါးကျင် ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ အိန္ဒိယနိုင်ငံ နဲ့ အနောက်ဘင်္ဂလားပြည်နယ်တို့မှာ ကူးစက်ပြန့်နှံ့နေတဲ့ နီပါးရ်ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ခရီးသွားတွေကို ကျန်းမာရေးစစ်ဆေးတာတွေပြုလုပ်တာဖြစ်တယ်လို့ဆိုပါတယ်။

“ အဓိက ကတော့ နိုင်ငံခြားမှာဖြစ်နေတဲ့ ရောဂါပိုးကိုကိုယ့် မြို့နယ်ထဲမဝင်နိုင်အောင် ကာကွယ်စစ်ဆေးတာပါ။ ကျွန်တော်တို့ ဗီနိုင်းပိုစတာလေးတွေနဲ့ အများမြင်အောင်ပြထားပါတယ်။ နောက်ဆုံးလေယာဉ်ထိစောင့်ပြီး ကျွန်တော်တို့စစ်ဆေးခဲ့တာပါ။လောလောဆယ်တော့ သံသယဖြစ်စရာလူမတွေ့သေးပါဘူး။ ထူးခြားတာလည်း မရှိသေးပါဘူး” လို့ သူက ဆိုပါတယ်။

ပြည်တွင်းခရီးသွားတွေအပြင် ပြည်ပကနေပြန်လာတဲ့ ခရီးသွားတွေကို အဓိကထားစစ်ဆေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ သံသယလူနာမတွေ့ရှိသေးဘူးလို့ သိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဲဒီရောဂါပိုးနဲ့ ပတ်သက်ပြီးတော့ ခရီးသွားများကိုစစ်ဆေးမှု တွေပြုလုပ်ခဲ့ပါတယ်။

မြန်မာပြည်တွင်းမှာ ဒီနေ့အချိန်ထိ ကူးစက်မှုတွေမတွေ့ရသေးပေမယ့်လည်း သစ်သီးစားလင်းနို့/ လင်းဆွဲ တိရစ္ဆာန် တွေတည်ရှိရာဒေသနဲ့ နယ်မိချင်းထိစပ်တဲ့အတွက် အထူးဂရုစိုက်ဖို့ ပြည်သူ့ကျန်းမာရေးက ထုတ်ပြန်ထားပါတယ်။

နီပါးရားဗိုင်းရပ်ကာကွယ်ရေးအတွက် အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှူနိုင်ပါသည်။ >>>>>>

https://www.shannivoice.com/ကုသဆေးနှင့်ကာကွယ်ဆေးမရ/ 

Most read this week

တကောင်းနီကယ်စက်ရုံ အတွင်းပိုင်းကို တွေ့ရစဉ်။
August 3, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာတွင် တည်ရှိသည့်...
July 27, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးရှိ တရုတ်နယ်စပ် ကုန်သွယ်စစ်ဆေးရေးစခန်းကို...
July 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ပေါ်သို့ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် ဒေသခံများမှာ...
July 17, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး...